Thursday, September 4, 2008
ရင်ထဲကသံစဉ် တစ်ဝက်တစ်ပျက်
Posted by ယောဖြူ at Thursday, September 04, 2008 2 comments
Wednesday, August 6, 2008
ဆုံမှတ်မရှိတဲ့ ချစ်ခြင်း
အတိတ်ရဲ့ နေ့ရက်တိုင်းမှာလည်း
နင်ကငါ့ဘေးနားမှာအမြဲ
လက်ရှိအနေအထားမှာလည်း
အဝေးကနေ နင်အားပေးနေမြဲ
တစ်ယောက်က တစ်ယောက်စီနဲ့
စိတ်ထွက်ပေါက်ရှာခဲ့ကြပေမဲ့
နင်နဲ့ငါ့လောက်
နားမလည်ခဲ့ကြတော့
မာနတွေနဲ့လွဲခဲ့ကြတယ်
ငါ့အတွက်တော့
နင့်ထက်တော်တဲ့လူတောင်
နင့်လောက်မတော်ဘူး
ငါ့အနာဂါတ်စိတ်ကူးကိုလည်း
နင်အားလုံးသိနေတယ်
နင့်ရည်မှန်းချက်တွေထဲမှာလည်း
ငါ့အနာဂါတ်တွေပါနေတယ်
ပြောပြစရာမလိုအောင်
ငါ့ဘ၀တစ်ခုလုံးကို နင်နားလည်နေပေမဲ့
နင်နဲ့ငါဟာ ဘယ်တော့မှမနီးနိုင်တဲ့
"သူငယ်ချင်း"ဆိုတဲ့စည်းတွေနဲ့
ချည်နှောင်ခံထားရတော့လည်း
အဲဒီစည်းတွေကိုဖောက်ပြီး
ချစ်သူဘ၀ရောက်ခဲ့ရင်တောင်
အရင်နေရာလေးပျောက်မှာကို
ငါအရမ်းကြောက်မိလို့ပါ
နောက်တစ်ယောက်ဆိုတာရှိခဲ့ရင်တောင်
နင့်လောက်ဘယ်သူမှ မကောင်းနိုင်ဘူး
ဒါကြောင့်
သူငယ်ချင်းရယ်
နားလည်မှုလေးတွေနဲ့ပဲ
နင်နဲ့ငါ လွဲနေရအုံးမယ်၊
Posted by ယောဖြူ at Wednesday, August 06, 2008 0 comments
Labels: ကဗျာ
Friday, July 25, 2008
ကဗျာကို ချစ်တတ်လာခြင်း
ငယ်ငယ်တုန်းက ကျောင်းခန်းထဲမှာ ရှေ့ ဆုံးခုံတန်းမှာနေရမှ ကြိုက်တယ်။ ခုနှစ်တန်းနှစ်ရောက်တော့ ဆရာမ ကနောက်ဆုံးခုံတန်းကို ပို့လိုက်တယ်။ မနေချင်တဲ့နေရာမှာ နေခဲ့ရတော့ သိပ်မကျေနပ်ဘူး။ နောက်မှာနေရင် ဆရာမနဲ့ ဝေးတော့ စာကိုဂရုမစိုက်လို့ဆိုပြီး စာညံ့တဲ့လူတွေကို ရှေ့ မှာထားတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော် နောက်ဆုံး ခုံမှာ ထိုင်ရခြင်းရဲ့ အရသာကို ကြိုက်သွားခဲ့တယ်။ စာသင်တာကို နားမထောင်ပဲ ငေးနေတာတွေ တွေးနေတာတွေ များလာခဲ့တယ်။ မုန့်ခိုးစားတာတို့ ကျောင်းလစ်တာတို့လိုမျိုး အကျင့်တွေကိုပါ မလိုချင်ပါပဲ ရလာခဲ့တယ်လေ။ ကဗျာဆိုတဲ့ အရာတစ်ခုကို ရေးတတ်လာခြင်းက အဆိုးဆုံးပဲ ။ပန်းချီဆွဲလိုက် ကဗျာရေး လိုက်နဲ့ အဲလိုနဲ့  မသိမသာနေရာယူလာခဲ့ကြတာက စာပေပဲ။ ကဗျာရေးလိုက် စာဖတ်လိုက်နဲ့ ကျောင်းစာဘက် မှာအားနည်းခဲ့တယ်။ ဒါပေမယ့်လုံးဝတော့မဟုတ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်လာခဲ့တယ်။ အရမ်းထူးချွန်မှု တွေနဲ့တော့မဟုတ်ဖူးပေါ့။ ဒါ ငယ်ငယ်က စာသင်ခန်းထဲမှာ နောက်ဆုံးခုံမှာ ထိုင်ခဲ့ရခြင်းက ငုတ်နေတဲ့စိတ်ကူး တွေကို ဖော်ထုတ်ပေးလိုက်တာလား သေချာမသိပေမယ့် စာရူးတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ ညဘက် မအိပ်ဘူး ကဗျာတွေ ခိုးရေးတယ်။အိပ်ပျက်ညတွေကို ကြိုက်တတ်လာတယ်။ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်။ ကိုယ်လူတွေနဲ့ ဝေးမှန်းမသိဝေးဝေးသွားတယ်။ ဒါပေမယ့် နီးလာခဲ့တယ်လို့လဲပြောလို့ ရပါတယ်။ လူချင်းမနီးပေမယ့် လူ့စိတ်လူ့အထာတွေကို နားလည်တတ်စ ပြုလာခဲ့တယ်။ ကျောင်းသင်ခန်းစာ ထဲမှာ မသင်ရတဲ့ လောကကြီးအကြောင်းကို စိတ်ဝင်တစားနဲ့ သိချင်လာတယ်။ စာအုပ်တွေထဲမှာ ရှာကြည့် နေတယ်။ စာကပေးတဲ့ ရင့်ကျက်မှုက လက်တွေ့မှာလည်း အသုံးတည့်တယ်လို့ ပြောလို့ရပါတယ်။ စာပေက ပေးတဲ့အသိက ဘ၀ကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတွေပြည့်ဝလာစေနိုင်တယ်။ ခံနိုင်ရည်ရှိလာတယ်လေ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်တယ် စာဖတ်ချင်တဲ့စိတ်၊ စာပေချစ်စိတ်လေးရအောင် လေ့ကျင့်ပေးလိုက်တဲ့ အတွေး လေးကိုပေါ့။ တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်လို့ဆိုရိုးရှိပေမယ့် အမှတ်မထင် သဘာဝဘေးအန္တာရာယ်နဲ့ ကြုံလာရတဲ့အခါ အဲဒီပျော်ရွှင်မှုတွေက ပါသွားတတ်တယ်။ စာပေကတော့ ဘာတွေတိုက်စားတိုက်စား မရဘူး လေ။ ဖတ်ထားတဲ့ အသိဥာဏ်တွေက အမြဲကျန်နေခဲ့မယ်၊ စာအုပ်တွေကိုပဲ ဖျောက်လို့ရမယ်၊ သိနေတဲ့ အမှန် တရားတွေကိုတော့ မေ့ပျောက်ခိုင်းလို့မှ မရတာဆိုတော့။အင်း ... စာအုပ်တွေနဲ့အချိန်ကုန်ရခြင်းက ကျန်တာ တွေ နဲ့ အချိန်ကုန်တာ ထက်စာရင် ကောင်းပါတယ်လေ။
P.S မအားတော့ဘူး နောက်မှဆက်ဖောမယ်။
Posted by ယောဖြူ at Friday, July 25, 2008 1 comments
Thursday, July 24, 2008
နေ၀င်ချိန်အတွေး
မလဲရယ်လို့။ ကိုယ့်ဘာသာသုံးသပ်ကြည့်တယ် တစ်နေ့တာ ဘာတွေလုပ်ဖြစ်လဲလို့။ မှန်မှန်လိုင်းပေါ်တက်တယ်။
ပျင်းရင်ပြန်ဆင်းလာတယ်။အားရင်ဖိုရမ်တွေထဲ ၀င်ဝင်ကလိတယ်။ ပြီးရင် ဘလော့ကိုရေးချင်လာရင်ရေးတယ်။
အလုပ်ရှိရင်လုပ်လိုက်တယ်။ပြီးရင်ရုံးဆင်း။ မနက်မိုးလင်းရုံးလာ လက်ဖက်ရည်ဆိုင်ထိုင် ညနေရုံးဆင်းရင်မုန့်တီ
ဆိုင်ကိုသွား။ခုတလောတော့မိုးရွာလို့ဆိုင်တွေကမဖွင့်ဘူး။ဟူးးးးးးးးးး နဖူးပေါ်လက်တင်လို့ရတဲ့အချိန်မှာသေချာ
တွေးကြည့်မိတော့ တစ်နေ့တာအတွက် ငါဘာတွေလုပ်ပြီးပြီလဲ။ ဘာတွေတိုးတက်လာလဲ။အကြွေးစာရင်းတွေ လား။တစ်နေ့ထက်တစ်နေ့ လူမှုရေးတွေ များများလာခဲ့။ဇာတ်လမ်းတွဲတွေကြည့်လိုက် ဘောလုံးပွဲတွေထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ကုန်လာတယ်။ ဒါမဲ့ မိဝေးဖဝေးဆွေမျိုးတွေနဲ့ဝေးတဲ့နေရာမှာ (နိုင်ငံရပ်ခြားတော့ မဟုတ်ဘူး) နေရတော့ ဒါတွေကပဲ အပျင်းပြေလုပ်ရင်းကနေ ရင့်လာတဲ့အနေအထားကို ရောက်လာပြီလို့ထင် မိတယ်။ဒါကြောင့် ဘာလုပ်သင့်လဲ ဘာလုပ်ရမလဲ ။ လစာလေးထုတ်လိုက် ကုန်လိုက် မနည်းချာလည်လိုက်နေ ရတဲ့ဘ၀မှာ အသားကျနေပေမဲ့  ကြာတော့ ညည်းငွေ့လာပြီ။ဘယ်လိုနည်းမျိုးနဲ့ ရုန်းထွက်ချင်နေတာလဲတော့ မသိဘူး။ အဝေးဆုံးကို သာပြေးလိုက်ချင်တယ် ပုံမှန်လည်ပတ်မှုတွေနဲ့ ဝေးတဲ့နေရာတစ်ခုခုဆီကိုပေါ့။ အရမ်း ကြီးတိုးတက်ပြောင်းလဲချင်တာမဟုတ်ပေမဲ့  ဘ၀မှာသာမာန်နေထိုင်မှုမျိုးနဲ့ အချိန်ကုန်သွားရမယ်ဆိုရင်တော့ မကောင်းဘူးထင်တယ်။အေးအေးချမ်းချမ်းနေချင်တာနဲ့ ရောင့်ရဲတင်းတိမ်တာနဲ့က တူမယောင်နဲ့ မတူဘူး။ အင်း တစ်ခုခုတော့လုပ်သင့်နေတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိတာက လူတစ်ယောက်ရဲ့ အကြီးမားဆုံးအားနည်း ချက်ပဲ။ မသိတာက ခက်တယ်နော်။ရှိပြီးသားလမ်းကြောင်းမှာ လျှောက်ရတာကလွယ်ပေမဲ့ လမ်းသစ်ကိုရှာ တွေ့ဖို့ကမလွယ်ဘူး။တွေ့ခဲ့ရင်တောင် လူပြတ်တဲ့လမ်းဆိုပြီး မသွားရဲပဲနေမှာလား။ တစ်ယောက်တည်းသွားရဲ အောင် လုပ်ရမှာပေါ့။ တစ်ယောက်တည်းနေတတ်တဲ့  အကျင့်ကကောင်းတယ်လို့ ငါထင်တယ်။ဒါကြောင့် တစ်ယောက်တည်းပဲ နေတော့မယ်။
Posted by ယောဖြူ at Thursday, July 24, 2008 1 comments
တေလေ
အမေမရှိတော့တဲ့
ကျွန်တော့်ရဲ့ ဇာတိမြို့ ကလေးမှာ
ကျွန်တော်ဟာ အိုးနင်းခွက်နင်း
ဘယ်အရာကိုမှ ပီပြင်နိုင်နင်းခြင်းမရှိ
ရင်ထဲက ကသိကအောက်ဖြစ်မှုတွေကို
ညှိနှိုင်းရင်း..................
ဖုံးကွယ်ရင်း................
ဟန်ဆောင်ပြုံးတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ရက်တွေက....များပြီ
ဆိုးဝါးတဲ့အသိဥာဏ်တွေနဲ့
ရိုးသားတဲ့ အဘိဓာန်ကို
ချေဖျက်ဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်
အမေမရှိတော့တဲ့အချိန်မှာပေါ့
ကျွန်တော်ဟာတေလေတစ်ကောင်အဖြစ်
ကျန်နေရစ်ခဲ့ပြီ
တေလေတစ်ကောင်အဖြစ်....
ကျန်နေရစ်ခဲ့ပြီ။
Posted by ယောဖြူ at Thursday, July 24, 2008 0 comments
Labels: ကဗျာ
Wednesday, July 23, 2008
ကြိုဆိုပါ၏
Posted by ယောဖြူ at Wednesday, July 23, 2008 0 comments
အလွမ်း
အလွမ်း.....တဲ့
လွမ်းဖူးမှ သိလိုက်ရတဲ့ အလွမ်းရယ်....
တော်တော်ဆိုးပါလား ...
Posted by ယောဖြူ at Wednesday, July 23, 2008 0 comments
Friday, July 18, 2008
အပြုံးနောက်ကွယ်၌
အချစ်ရေ
ဝေးခဲ့ကြရပြီ
ထာဝရအတွက်လား
တခဏပဲဖြစ်ပါရစေကွယ်
မင်းမသိတဲ့
ငါ့ရဲ့အချစ်တွေ
မင်းမသိတဲ့
ငါ့ရဲ့အဖြစ်တွေ
ငါ့ရင်ထဲကဝေဒနာ
ဆယ်နွေထက်ကဲနေပါပေါ့လား။
ကွဲကြေလုအသည်းလွှာ
ကန္တာရအဆုံးမှာတော့
အချစ်ရေ
ကြိတ်မှိတ်ကာပြုံး။
Posted by ယောဖြူ at Friday, July 18, 2008 0 comments
မီးလျှံသက်သက်
မှေးစက်ခိုဝင်
သူ့ရင်ခွင်ထဲ
တိုးဝှေ့ဖြတ်သန်း
ပိုးဖလံတစ်ကောင်လို
မီးလျှံသက်သက်အနမ်းကိုမှ
တမ်းတနေတတ်တာ။
အချစ်အတွက်
အရိုင်းသက်သက်
ရင်ခွင်ပျက်ယွင်း
မသိခြင်းတွေကသာ
သူမသိတဲ့အလွမ်း
သူမသိတဲ့တမ်းတခြင်းတွေနဲ့
ရူးသွပ်နေဆဲပါလေ။
နှလုံးသားပဲ့ကြွေ
လမ်းခွဲရက်စက်သွားလေလည်း
အိပ်မက်ထဲတိုး
နှိပ်စက်နှိုးလည်း
အိပ်ပျက်ညတွေများနေလည်းလေ
သည်တသက်မှာ
နှုတ်မဆက်ပါပဲ
မီးလျှံထဲတိုး။
Posted by ယောဖြူ at Friday, July 18, 2008 0 comments
Monday, July 14, 2008
ကိုယ်ချင်းစာစိတ်
ဥပဒေမှာ သင်ခဲ့ရတယ် ယုံကြည်ရန်လုံလောက်သော အချက်အလက်ရှိသော အခါမှတပါး မည်သည့်အရာကိုမှ
ယုံကြည်ရန်အကြောင်းရှိသည်မမည်တဲ့ ။ဒါကြောင့် ယုံကြည်မှု ရှိဖို့ဆိုတာမလွယ်ပါဘူး။ နားလည်မှုဆိုတာ လုပ်ယူလို့ရပေမဲ့  ယုံကြည်မှု ဆိုတာက ကိုယ်ကိုယ်တိုင်က ယုံမှဖြစ်တာမျိုးပါ။ တစ်ခုခုကို ယုံကြည် မိပြီဆိုရင်
ယုံကြည်တဲ့အတိုင်း ဖြစ်လာရင် ဖြစ်လာဖြစ်မလာရင် တော်တော်ခံရ ခက်လိမ့်မယ်။ တခါတခါကျတော့ ယုံကြည်မိတဲ့အတိုင်း ဖြစ်လာခဲ့တာတွေက မကောင်းပြန်ဘူး။ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် လူတစ်ယောက် ဆီက ယုံကြည်မှုကို ရယူလိုက်နိုင်တာဟာ အဲဒီလူရဲ့  ဘ၀အစိတ်အပိုင်းတစ်ခုကို ရလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ ယုံကြည်မှုရဖို့ဆိုတာ ခက်ခဲတယ်လေ။
လောကမှာ မသေချာဘူး ဆိုတဲ့အရာတွေက အသေချာဆုံးပဲ။ သေချာတယ်ဆိုတဲ့ အရာတွေက မသေချာဘူး။
Posted by ယောဖြူ at Monday, July 14, 2008 0 comments
Labels: စာတမ်းငယ်
Saturday, July 12, 2008
ခွင့်ပြုပါ
သင်္ကြန်အတက်နေ့
တိုက်ဆိုင်လွန်းတယ်
မထင်မှတ်ဘဲ
ဖြတ်သန်းလာခဲ့ရတဲ့နေရာက
နင် ၄နှစ်တာကျင်လည်ခဲ့တယ်ဆိုတဲ့
အသိနဲ့တင်
ငါ့ ရင်တွေခုန်လာတယ်
တစ်ခါတွဲလျှောက်ခဲ့ဖူးတာက
တသက်စာဖြစ်သွားခဲ့ပြီလား
အာကြီး အသင်းကိုကြိုက်တတ်တဲ့ နင့်ကို
ဘော့လုံးပွဲကြည့်တိုင်း သတိရတယ်
Keyboard ပေါ်မှာလက်ချောင်းတွေတင်ပြီး
စကားလုံးတွေကို ပထမဆုံး ဖန်တီးတတ်ခဲ့စဉ်က
ငါ ရိုက်မိတဲ့စာလုံးတွေက
နင့် နာမည်သုံးလုံးဖြစ်နေခဲ့တာပါပဲ
Express ကားတစ်စင်းနဲ့ အမည်နဲ့တူတဲ့
နင့်နာမည်ကို ငါဘယ်တော့မှ
မေ့မရသေးဘူး
အညာမြေတစ်နေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
ငါကျေနပ်နေပါပြီ
နင်ရေးပေးခဲ့ဖူးတဲ့
ကဗျာတွေထဲကလို
ကောင်မလေးကိုတွေ့ နေပြီလား
စံပါယ်ရနံ့တွေသင်းနေတဲ့
နင့်ကဗျာလေးတွေနဲ့
ခွဲခွါခဲ့ရတာလည်းကြာပြီ
အချိန်တွေကြာလာတာနဲ့အမျှ
ခံစားမှုတွေက ပြောင်းသွားမယ်လို့
နင်ထင်လား
အစားထိုးကြည့်တာတောင်မရတဲ့
ငါ့နှလုံးသားရဲ့  နက်ရှိုင်းမှုကို
၅ နှစ်တာ ပတ်သက်ခဲ့ဖူးတဲ့
သံယောဇဉ်နဲ့ တင်
နင်ပြန်လှည့်ကြည့်သင့်တယ်
ဖုန်းထဲကနေဂရုစိုက်ပြတတ်တဲ့
ငါ့ရဲ့  အိပ်မက်ကလေးရေ
နွေ မိုး ဆောင်း
ပြောင်းလဲပေမဲ့
အိပ်မက်တစ်ခုတည်းကိုပဲ
တစ်စိုက်မတ်မတ်မက်တတ်တဲ့
ငါ့ကို
နိုးထခွင့်ပြုပါတော့။
Posted by ယောဖြူ at Saturday, July 12, 2008 0 comments
Labels: ကဗျာ
မှားယွင်းသွားသောသီအိုရီ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
နယူတန်ရဲ့  "နိယာမ"
မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့
ဗုဒ္ဓတရား
မင်းနဲ့တွေ့မှ
အားလုံးမှားပြီပေါ့
မျှော်လင့်ချက်တွေ ပေးပေးပြီး
ဝေးခဲ့ရတဲ့ အဖြစ်
ဘကြီးအောင်လို ညာရက်ခဲ့တယ်။
Posted by ယောဖြူ at Saturday, July 12, 2008 0 comments
Labels: ကဗျာ
ရင်ဖွင့်ဖော်
မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။
Posted by ယောဖြူ at Saturday, July 12, 2008 0 comments
Labels: ကဗျာ
Thursday, June 5, 2008
ရင်ကွဲတေး
Posted by ယောဖြူ at Thursday, June 05, 2008 1 comments
Labels: ကဗျာ
နှင်းဆီရှိုက်သံ
ငါဟာ ပွင့်ခြင်းနဲ့ မပွင့်ခြင်းကြားမှာ
တွေဝေစွာ ရပ်နေဆဲ
ဆတ်ကနဲခူးဆွတ်မှုကို ခံခဲ့ရ
အငြိုးတကြီးနဲ့
ပြန်လည်ထိုးခဲ့တဲ့ ထိုးစစ်က
ငါကိုယ်တိုင် သွေးဆုတ်ဖြူရော်သွားတဲ့အထိ
ကမ္ဘာမြေကြီးရဲ့ အစွန်းတစ်ဖက်မှာ
ကျလုဆဲဆဲ ငါ့ခန္ဓာ
ခရေကို သတိရလိုက်မှ
အိုး.....နောင်တတွေနှောင်းခဲ့ပေါ့ ။
ကြွေကျနေတဲ့ မျက်ရည်ပွင့်ဖတ်တွေကြားထဲက
ဝတ်မှုံတစ်ခုရဲ့
နှင်းဆီရှိုက်သံရင်ကွဲတေး
ခပ်ဆွေးဆွေးလေးကို
ငါ့ကိုယ်ငါ ပြန်ကြားလိုက်ရတယ်
Posted by ယောဖြူ at Thursday, June 05, 2008 0 comments
Labels: ကဗျာ
ငွေ
အိပ်မက်နိဒါန်း . . . . .
ဘာပဲဖြစ်ဖြစ် တကယ်တော့
ဟောဒီလောကကြီးမှာ
ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို
ငွေကြေးနဲ့ ပိုင်းဖြတ်သွားတာချည်းပါပဲ
ဇာတ်လမ်းအလယ် . . . . .
တစ်ခါတစ်ရံ
ရင်ဖွင့်ပေါင်းသင်း
အရင်းနှီးဆုံးဆိုတဲ့
သူငယ်ချင်း ချင်းတောင်မှ
ငွေဆိုတဲ့ စက္ကူပါးပါးလေးတွေက
အစိမ်းရောင်မုန်တိုင်းတွေကို
မွေဖွားဖန်တီးပေးတတ်ရဲ့
ရင်ကွဲတေးအဆုံး. . . . .
နှလုံးသားလည်း ပဲ့ကြွေနာကျည်း
အထီးကျန်
မူမမှန်ချင်တော့ဘူး
ငွေ ဆိုတာ
ရူးသွပ်သွားအောင်လည်း လုပ်တတ်တယ်. . . . .။
Posted by ယောဖြူ at Thursday, June 05, 2008 0 comments
Labels: ကဗျာ
ရင်ဘတ်ထဲက အဖိတ်အစင်ဝါကျများ
ဘဝက
မွေးဖွားလာကတည်းက
ငိုကြွေးခြင်းနဲ့ စခဲ့တာဆိုတော့
တစ်ခါတစ်ခါ နေပူချင်ပူမယ်
မိုးရွာချင်ရွာမယ်
ငါ့ရဲ့ တခဏတာစိတ်လွတ်လပ်မှု
တစ်ဘဝစာ ထွက်ပေါက်ရှာမှု
အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး
အပြီးစလွယ် ကံကြမ္မာတစ်ခုကို
ဖန်တီးရယူလိုမှု အတွက်နဲ့တော့
အမေ့ရဲ့ တစ်သက်စာအပြုံးကို
ငါ့ရဲ့နောက်ဆုံးအချိန်အထိ ဖန်တီးပေးဖို့
ရင်ဘတ်တစ်ခုလုံးနဲ့ ထွန်းညှိခဲ့မယ်
နှစ်ပေါင်း ၂၀ ကျော် ကျွေးမွေးပြုစုလာခဲ့တဲ့
ကျေးဇူးတရားတွေအတွက်
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ
သင်ကြားခဲ့ရတဲ့ အတန်းပညာတွေက
အမှန်တရားကိုတောင်
ပြောခွင့်မရှိတော့ဘူးတဲ့လား
သည်းခံနိုင်စွမ်းဟာ
အရာရာကို အောင်နိုင်တယ်
ကိုယ့်ကိုကိုယ် ပြန်ဆုံးမပြီး
ဟန်ဆောင်ဘဝနဲ့ ကိုယ့်အဖြစ်က အုံ့ပျက်ပျက်
စိတ်ညစ်တိုင်း ကျခဲ့ရတဲ့မျက်ရည်စက်တွေက
လုံးဝကုန်ခမ်းသွားတော့မဲ့အထိ
အရောင်ဆိုးခံခဲ့ရတဲ့
ဖြူလွှလွှနှလုံးသားက
ငယ်မှတ်မှတ်သွားတာတော့
ငါလည်း မတတ်နိုင်ဘူး
နာကြည်းမှုတွေကိုမြိုသိပ်
ပိတ်နေတဲ့အခန်းတံခါးတွေပြန်ဖွင့်
မိန်းကလေးတစ်ယောက်နဲ့
လုံးဝ လုံးဝ မစပ်ဆိုင်တဲ့
အတွေးဆိုး အတွေးညစ်တွေကိုဖယ်ထုတ်
အဝေးကို ထွက်ပြေးချင်နေတဲ့
ခရီးဆောင်ကျောပိုးအိတ်ကလေးရေ
ခြေလှမ်းတွေကို ပြန်သိမ်းခေါက်လို့
ငါ့ရဲ့မိုက်ရူးရဲဆန်တတ်တဲ့
ဂျစ်ကန်ကန် စိတ်ဓါတ်တွေအတွက်
ရေချိုးသန့်စင်လိုက်ကြရအောင်.........
Posted by ယောဖြူ at Thursday, June 05, 2008 1 comments
Labels: ကဗျာ
Saturday, May 31, 2008
ပေးသနားပါ
ငါ၏ စစ်မှန်သော ချစ်ခြင်းတရားအတွက်
အထီးကျန်ညတွေ ဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အိပ်ပျက်ညတွေဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အထိအတွေ့ မဲ့ ချစ်ခြင်းတွေ
ခိုင်မြဲ ဖို့ သစ္စာတရား
ပေးသနားပါ
မျှော်လင့်ခြင်းတွေ
ပြည့်ဝလာစေမဲ့  အလင်းများ
ပေးသနားပါ
အလွမ်းတွေ ကြံ့ ကြံ့ ခံနိုင်ဖို့ အင်အား
ပေးသနားပါ
အလွမ်းအဆွေးတွေကြား
အထီးကျန်ခံစား
တမ်းတမျှော်လင့်ခြင်းများစွာအတွက်
ဆုံဆည်းနိုင်ဖို့ အခွင့်အလမ်းများ
ပေးသနားပါ။
Posted by ယောဖြူ at Saturday, May 31, 2008 0 comments
Labels: ကဗျာ
ကြိုက်မိတဲ့ စကားလေးတစ်ခွန်း
“နတ္ထိလောကေ အနိန္ဒိတော”
လောကေ လောက
အနိန္ဒိတော အကဲ့ ရဲ့ ခံရလွတ်သူသည်
နတ္ထိ မရှိ
လောကမှာ အကဲ့ ရဲ့ ခံရလွတ်သူသည်မရှိ။
Posted by ယောဖြူ at Saturday, May 31, 2008 1 comments
မင်းမရှိတဲ့နောက်
သူငယ်ချင်း........
စကားသုံးလုံးရဲ့ အတွင်းမှာ
ဖြူစင်တဲ့  ချစ်ခြင်းတွေပါတယ်
ဖြတ်လို့ မရတဲ့  သံယောဇဉ်တွေပါတယ်
ပြောပြလို့ မရနိုင်တဲ့  နားလည်မှုတွေပါတယ်
သူငယ်ချင်း.......
တစ်ယောက်တစ်နယ်မှာ ဝေးကွာနေလည်း
ဘယ်လောက်ဝေးဝေး
နှလုံးသွေးနဲ့  သက်သေတည်မယ်
နှလုံးသားက ခံစားမှတ်မိ
ဖြူစင်မှု အပြည်နဲ့  သူငယ်ချင်း
နှလုံးသားချင်းဆက်ထားမယ်
ဘာဘဲဖြစ်ဖြစ် သူငယ်ချင်း.......
ဟောဒီကမ္ဘာမြေမှာ
မင်းသာမရှိခဲ့ ရင်
ငါ့ ဘ၀ကတော့
ရှင်လျက်နဲ့ သေနေခြင်း ။
“နရီသစ်” ဆိုတဲ့ မဂ္ဂဇင်းလေးမှာထည့်သွင်းဖော်ပြခံရဖူးပါတယ် ။ ဒါပေမဲ့ အဲဒီမဂ္ဂဇင်းက အောင်မြင်မှုမရလိုက် ပါဘူး။ အခု youth ဆိုတဲ့မဂ္ဂဇင်းက အဲဒီ နရီသစ်နာမည်နဲ့ အရင်ကလုပ်ခဲ့တဲ့မဂ္ဂဇင်းလေးပါ။ ဆရာကောင်းသန့်  စီစဉ် ထုတ်ဝေခဲ့ တာပါ။
Posted by ယောဖြူ at Saturday, May 31, 2008 1 comments
Labels: ကဗျာ
ဂျက်ပစီတစ်ယောက်ရဲ့ အတွေး
အမေရယ်--
ငွေမရှိတဲ့  သမီးရဲ့ ဘ၀က
ကားလမ်းနံဘေးက အစွန့် ပစ်ခံ ရေသန့် ဗူးခွံလို
အသုံးပြုပြီးသား တစ်ရှူးတစ်ရွက်လို
နှိမ်နှိမ်ချချဆက်ဆံချင်ကြရဲ့ 
ငွေရှိလူတန်းစားတွေကပေါ့ လေ
နာကြည်းချက်တွေ မုန်းတီးချက်တွေ
ရောပြွမ်းနေတဲ့ 
အနှိမ်ခံဘ၀ရဲ့  သမီးငယ် တစ်ယောက်ဟာ
ဘယ်လောက်အထိများ
ဘ၀ရဲ့ ခါးသီးမှုဒါဏ်ကို
ခါးစည်းခံနေရအုံးမှာလဲ
ဂျက်ပစီမိုးတိမ်တဲ့ 
ပြောချင်လည်းပြောကြပါစေ အမေရယ်
မိုးတိမ်တစ်ခုလို တည်ငြိမ်မှုမရှိတဲ့ 
သမီးရဲ့ ဘ၀မှာ
မိုးတိမ်လို လွင့်မြောနေပေမဲ့ 
မိုးတိမ်လို အမြင့်မှာနေရအောင်
သမီး ကြံဆောင်မှာပါအမေ
တစ်နေ့ နေ့ ကျရင်ပေါ့ 
အဲဒီ ခပ်ပါးပါး စက္ကူရွက်တွေနဲ့ 
လူတွေကို လွှမ်းမိုးပစ်နိုင်ဖို့ ။
Posted by ယောဖြူ at Saturday, May 31, 2008 0 comments
Labels: ကဗျာ
ဖြစ်ချင်တာ ဖြစ်သင့်တာ ဖြစ်နေတာ တွေနဲ့  “ငါ” (သို့ ) အိပ်မက်သေ
တစ်ခြားမှာထွက်ပြီး လုပ်ရအောင်ကလည်း ငါ့လက်ထဲမှာ ငွေမရှိဘူး၊ နင်ကရော ဒီအလုပ်မှာ နေတော့မှာလား ငါတို့ တွေ တစ်ခုခုတော့သေချာပေါက် လုပ်ရတော့မယ်၊ သြော်...ဘ၀က ကျောင်းသင်ခန်းစာတွေထဲမှာ မသင် ခဲ့ ရဖူးတဲ့ သင်ခန်းစာအသစ်တွေနဲ့ပဲ ငြိငြိနေတယ်...ကြမ်းတယ်ဆိုတာထက် လမ်းပျောက်နေတဲ့  အပေအတေ လေး တစ်ယောက်ဖြစ်နေပြီလို့  ငါ့ကိုယ်ငါ သုံးသပ်မိတယ်၊ ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာ စကားလုံး လှလှတွေတောင် ငါ့ရင်ထဲက ထွက်မလာနိုင်တော့ဘူး။
စိတ်ပျက်အားငယ်သော အတွေးများနှင့် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော ခံစားချက်များဖြင့်သာ ရေးဖွဲ့ပါ သည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော သဘောထားမှမရှိပါ။ တိုက်ဆိုင်မှုရှိက ထိုသူကိုသာ ရည်ညွှန်းပါ သည်။ :P
Posted by ယောဖြူ at Saturday, May 31, 2008 0 comments
Friday, May 30, 2008
မြို့ကလေး---------သို့ 
ပကာသနမဖက်တဲ့ သဘာဝအလှစစ်တွေနဲ့  တည်ရှိနေတဲ့ မြို့ ကလေးရေ............ ကံစမ်းမဲခြစ်ရတာ ထက်တောင်ပိုပြီးတော့ေ၀၀ါးသေးတဲ့ငါ့ကံကြမ္မာကအဝေးရောက်သူငယ်ချင်းတွေကို အားကျတမ်းတ လွမ်းဆွတ် သတိရနေရုံကလွဲပြီး ဘာလုပ်လို့ရမှာတဲ့လဲ....ငါမှတ်မိသလောက် ငါ့ဘက်ကနေတစ်ခါမှ ရပ်တည်မှုမရှိတဲ့  ငါ့ရဲ့ ကံကြမ္မာကိုလည်း အပြစ်မဆိုချင်ပါဘူးလေ..ဒါပေမဲ့ သေချာတာကတော့ မြို့ကလေးရေ ငါဟာ မျှော်လင့် ချက်မထားဘဲ ယုံကြည်ချက်ထားတတ်တဲ့လူစားပါ ။ငါ့ဆန္ဖတွေ တစ်နေ့နေ့ ပြည့်မယ်ဆိုတာကိုပေါ့ ......
ခင်းနေမယ့် ....... ယောဖြူ
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: စာတမ်းငယ်
သဇင်လမ်း
ဖုန်ထူထူမြေနီလမ်းလေးတစ်ခု
အမှောင်ထုကိုအံတုရင်း
အလင်းပျပျနဲ့ သဇင်ညကို
ဝိုးတ၀ါးလျှောက်လှမ်း
ဒီလမ်းမှာ---
လမ်းမီးတိုင်မရှိဘူး
ပလက်ဖောင်းမရှိဘူး
ပလီပလာချစ်တင်းနှောရင်း
တီတီတာတာရယ်သံများ
ကြားနေရတယ်
နှစ်ကိုယ်တူကြည်နူးနေကြ
ချစ်သူစုံတွဲများ
တွေ့ မြင်ခဲ့ ရသည်လမ်းမကို
“ချစ်သူ့ လမ်းကြား”
ပညတ်ထားပေးလိုက်တယ်
အားကျမိတာလား
သတိရမိတာလား
ဝေေ၀၀ါးဝါးအတွေးတွေနဲ့ 
ဒါပေမဲ့ လေ----------
နွေရာသီရဲ့  ခြောက်သွေ့ နေ့ တွေမှာ
တစ်ကိုယ်တော်လျှောက်လှမ်း
အဲဒီချစ်သူ့ လမ်းမှာပေါ့ 
အလွမ်းတွေ တပွေ့ တပိုက်နဲ့ 
ငါ ငိုရှိုက်ခဲ့ ရဖူးတယ်။
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
အဝေးချစ်
အလွမ်းနေ့ ရက်
လှမ်းတွေ့ ခက်ခဲ (လည်း)
မှန်းဆပုံဖော်
တမ်းတမျှော်သည်
ချစ်သူဆီသို့ --
တစ်နယ်အဝေးမှ
နာကျင်နေသော နှလုံးသားနဲ့ --
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
ကဗျာဆရာ
ကဗျာဆရာဆိုတာ
အထီးကျန်ဝေဒနာ
တစ်ပွေ့ တစ်ပိုက်နဲ့ 
ဘ၀ကိုစိတ်ကြိုက်ဖြတ်သန်းချင်တဲ့ လူသား
အတွေးမှားနေတဲ့ ဘေးစကားကိုမယုံ
မှန်တယ်ထင်ရင်ဇွတ်လုပ်တတ်တဲ့ လူသား
အရောအနှောကင်းကင်းနဲ့ 
အခန်းကျဉ်းလေးထဲမှာပဲ
သီးသန့် ကမ္ဘာကိုတည်ဆောက်
ဘာကိုမှမကြောက်တတ်တဲ့ လူသား
ဘာအကြောင်းကြောင့်မှ
ခံယူချက်မပြောင်း
အတိမ်းအစောင်းမခံ
အမှန်တရားအတွက်
ယုံကြည်ချက်နဲ့ အသက်ဆက်တဲ့ လူသား
Plane တစ်ခွက်ကို အဖော်ပြု
အရာရာကို အံတုရင်ဆိုင်ရင်း
ကဗျာမဆန်တဲ့ လူသား
ကဗျာရေးတာမှားသလား
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
ပေးလှည့်ပါ
အိပ်စက်ခြင်းရယ်.........
ညရယ်..........
ကျွန်တော်ရယ်..........
လမ်းခွဲခဲ့ ကြတာကြာပြီ
ပုခက်လွှဲတဲ့ လက်ရဲ့ အုပ်စိုးမှုတွေ
ကျွန်တော့် ရဲ့ ကမ္ဘာမှာ
မရှိတော့တဲ့ အချိန်ကစလို့ ပေါ့ 
အထီးကျန်ဆန်တဲ့ ........
အတွေးတွေ အတွေးတွေ
ရူးသွားနိုင်တယ်
တကယ် တကယ်ပါပဲ
ထိန်းချုပ်ထားနိုင်လို့ 
ကျွန်တော်ဟာလေ
ခံစားချက်တွေနဲ့ 
ဆွံ့ အသွားခဲ့ ရပြီ
မေမေရယ်..........
ကျွန်တော့်ကို ခွန်အားတွေပေးလှည့်ပါ
ဟောဒီလောကကြီးမှာ ဆက်လက်ရပ်တည်နေနိုင်ဖို့ 
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
တစ်သက်စာအပြုံး
မေမေရေ--
မေမေမရှိကတည်းက
“မိုးပြို တဲ့ ညတွေ ”
အမှောင်အားကောင်းတဲ့ 
“ လမိုက်ညတွေ ”
ကြယ်ရောင်မဲ့ တဲ့ 
“ အလင်းပျောက်ညတွေ ”
လရောင်ဝေးတဲ့ 
“ ညမှောင်မှောင်လေးတွေ ”
ဒါပေမဲ့ ------
နှလုံးသားမှာ မမြဲ ရှင်သန်နေတဲ့ 
မေမေ့ ရဲ့ အပြုံးတွေနဲ့ ပဲ
ဘ၀ကို ရင်ဆိုင်ရုန်းကန်ရဲတဲ့ သတ္တိတွေ
အလိုအလျှောက်
ပေါ်ပေါက်ရရှိလာခဲ့ ပါတယ်
မေမေရယ်--------။
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
ကြေးမုံတစ်ချပ်ရဲ့ မြင်ကွင်း
“ယော” ဆိုတာ
“ရိုးသားခြင်း” လို့ အဓိပ္မါယ်ရတယ် သူငယ်ချင်း
ဖြူစင်မှုတွေ ပြည့်နှက်နေတဲ့ 
ငါတို့ ရဲ့ ယောမြေအလှပေါ်ကို
ဘယ်သူတွေ အမည်းစက်ချခဲ့ သလဲ
ရှေးရိုးဆန်အယူသည်း(သည်း)တဲ့  ရှေးလူကြီးတွေလား
မစူးစမ်းမဆင်ခြင်ဘဲ ယုံလွယ်တတ်တဲ့  ခေတ်လူငယ်တွေလား
ယောနယ်အကြောင်းကောင်းကောင်းမသိဘဲ
ဂျောက်ချရေးခဲ့ ကြတဲ့ 
စာရေးဆရာ မဟုတ်သော စာရေးဆရာတွေကြောင့်လား
ငါတို့ ရဲ့ ယောမြေကို
နာမည်ဆိုးတွေနဲ့ ဘဲမြင်သိခဲ့ ကြတယ်
ပုံတောင်ပုံညာကိုကျော်ဖြတ်
ယောနယ်စပ်ကိုရောက်ပြီဆိုကတည်းက
ယောရဲ့ ဖြူစင်ခြင်းတွေကို
ဘယ်သူပစ်ခွင်းမလဲ
ဖြူစင်ရိုးသားမှုသာမရှိခဲ့ ရင်
“ရိုးသားခြင်း”ဆိုတဲ့ စကားလုံးကို
ဘယ်သူတွေ စသုံးခဲ့ ကြမှာလဲ
“ရိုးသားခြင်း” ဘွဲ့ တံဆိပ်
ဘယ်သူခပ်နှိပ်ခဲ့ မှာလဲ
တစ်ခေါက်တစ်ခါလောက်
အရောက်လာခဲ့ပါသူငယ်ချင်း
ယောနယ်ကိုရောက်ပြီဆိုကာမှ
မင်းရဲ့ အမြင်တွေရှင်းပြီး
ငါတို့ ယောမြေရဲ့ စိတ်အလှကို
မင်းအံ့သြရလိမ့်မယ်
Posted by ယောဖြူ at Friday, May 30, 2008 0 comments
Labels: ကဗျာ
Sunday, April 27, 2008
သတိရလို့လွမ်းမိတယ်
သူငယ်ချင်း
လွမ်းတယ်သူငယ်ချင်းတို့ရယ် နင်တို့ နဲ့ အတူ စက်ဘီးတူတူစီးပြီး လျှောက်လည်နေကြ
အဲဒီ မြို့ ကလေးကိုလွမ်းတယ် ယောဓလေ့တွေနဲ့ ဝေးပြီး တစ်နယ်တစ်ကျေး
မှာနေတာကြာပေမဲ့  ငါတို့ ရဲ့  အေးချမ်းလှပတဲ့ တောင်ပေါ်မြို့ ကလေးကိုလွမ်းတယ်
တောင်တန်းပြာပြာ တွေကြားထဲက ရေစီးသန်တဲ့ ချောင်းကလေးနဲ့  အဲဒီမြို့ ကျဉ်းကျဉ်း
လေးကိုတကယ်လွမ်းတယ် ငါတို့ သူငယ်ချင်းတွေ အတူတက်ခဲ့ ကြတဲ့  အထက်တန်း
ကျောင်းဝန်းထဲက ငါတို့ တွေစိုက်ခဲ့ ကြတဲ့  အပင်တွေတောင် အတော်ကြီးနေတော့မယ် နံရံကပ်စာစောင်တွေရေးတိုင်း မပါမဖြစ် ပါခဲ့ကြတဲ့ ငါတို့ အဖွဲ့ တွေလည်း တစ်ယောက်တစ်ကွဲနဲ့ နော် ပန်းချီဆွဲရမယ်ဆို ထမင်းမေ့ ဟင်းမေ့ 
လုပ်ခဲ့ ကြတဲ့  ငါတို့ အဖွဲ့ တွေကို ဆရာမက စာသင်ခန်းထဲ မနည်းဆွဲခေါ်ခဲ့ ရတာတွေ
မှတ်မိကြသေးရဲ့ လား ကဗျာဆိုလည်းရေးလိုက် ပန်းချီဆိုလည်းဆွဲလိုက် ဘော့လုံးပွဲဆို
ပြေးကန်လိုက်နဲ့ ဆရာ၊ဆရာမတွေ အားလည်းကိုး လက်လည်းလန်တဲ့  ငါတို့ အဖွဲ့ ကတော့ 2000ပြည့်နှစ်အောင်ဆိုပြီး နာမည်ကြီးဘဲလေ ရပ်ကွက်ထဲကလူတွေ သိပ်မကြည် မိဘတွေကလည်းသိပ်မကြည်တဲ့  ငါတို့ အဆိုးအပေအဖွဲ့ ကြီး ပြန်ဆုံ
ချင်တယ်ဟာ ဘယ်သူတွေကဘယ်လို ပြောင်းလဲနေပြီလဲမသိပေမဲ့  ဘော့လုံးပွဲကြည့်
တိုင်း ငါနဲ့ အတူကျောင်းလစ်ပြီး ဘောလုံးပွဲကြည့်ခဲ့တဲ့  သူငယ်ချင်းတွေကို သတိရတယ် အားလုံးကအလုပ်ကိုယ်စီနဲ့  လူကြီးလိုနေနေကြပေမဲ့  သူငယ်ချင်းတွေနဲ့ 
တွေ့ ရင်တော့ အရင်လိုလွပ်လပ်ပျော်ရွှင်မယ်လို့  ငါထင်တယ် အားလုံးကိုသတိရတယ်
ပြန်ဆုံချင်တယ်ဟာ ဒီတစ်ခါငါတို့ တွေ ဆုံဖြစ်ရင် ၀ိတိုရိယတောင်ပေါ်ကို သွားဖြစ်
အောင်သွားချင်တယ်ဟာ မှတ်မှတ်ရရ ခရစ္စမတ်နေ့ ကြီး မိုးတွေအရမ်းရွာလို့ မသွားဖြစ်
လိုက်တာကို မမေ့ဘူး တစ်နေ့ နေ့ ပေါ့ အားလုံးနဲ့ ပြန်ဆုံချင်တယ် အဲဒီနေ့  အမြန်ရောက်ဖို့ ကြိုးစားရမှာဘဲဟာ အားလုံးကို သတိရနေ လွမ်းနေတယ်ဟာ
ယောနဲ့  နင်တို့ အားလုံးကိုလွမ်းတယ်
Posted by ယောဖြူ at Sunday, April 27, 2008 0 comments
မေမေသို့ 
မေမေ
မြိုသိပ်ရတာများလွန်းလို့  အရမ်းပင်ပန်းနေပြီမေမေရယ် .........
မိသားစု ဆိုတာကိုတွေးမိတိုင်း စိတ်ပျက်ဝမ်းနည်းအားငယ်နေမိတယ် ။
မိဘနဲ့ ခွဲပြီး တစ်နယ်တစ်ကျေးအဝေးမှာ အလုပ်လာလုပ်တဲ့  လူချင်းတူပေမဲ့ ရုံးပိတ်ရင်အိမ်ပြန်ပြီး
နားခိုစရာမရှိတော့ အရမ်းဝမ်းနည်းမိတယ်။ အိမ်ဆိုတဲ့ နွေးထွေးမှုကို မရခဲ့တာ (၃) နှစ်ပြည့်တော့မယ်
မေမေဆုံးတာ ၃နှစ်ပြည့်တော့မယ်။ တွေးလိုက်တိုင်း မနေ့တစ်နေ့ ကလိုပဲ မွန်းကြပ်လာတယ် ။
မေမေဆုံးတော့ လုံးဝမျက်ရည်မကျအောင် ထိန်းထားခဲ့ လို့လားတော့ မသိဘူး ..အခုချိန်ထိတွေးလိုက်တိုင်း ရင်ထဲမှာဆို့ နင့်လာတယ် ။ နားခိုစရာ ရင်ခွင်မရှိတဲ့  မေမေ့ရဲ့သမီး ဘ၀ခရီးကြမ်းကြီးကို တစ်ယောက်တည်း ကြိုးစားပြီး လျှောက်လှမ်းနေပါတယ်။ စိတ်ပျက်အားငယ်မှုတွေကြုံတိုင်း စာအုပ်တွေဖတ်ပြီး ဖြေသိမ့်နေရတယ် ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာတောင် အချိန်မကျန်တော့ဘူး။ နုနုရွရွ စကားလုံး လှလှတွေလည်း ဖန်တီးနိုင်စွမ်း မရှိတော့ဘူး။ ၀ါသနာထက် ၀မ်းစာကို ဦးစားပေးရတော့ သူများစိတ်နဲ့ကိုယ့်ကိုယ် ဖြစ်နေပြီ။ လက်ရှိဘ၀ အပေါ်မှာ ရောင့်ရဲတင်းတိမ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားမယ်ဆိုတဲ့ ကတိ
တွေ မေမေ့အတွက် ဆိုတဲ့စိတ်တွေနဲ့  စကားလုံးလှလှလေးတွေနဲ့  ကတိတွေအကြိမ်ကြိမ်ပေးပြီး ဘာတစ်ခု
မှ မေမေ့အတွက် လုပ်ပေးခွင့်မရလိုက်တဲ့  မေ့မေ့ရဲ့ သမီးကြီး ။အငယ်နှစ်ယောက်ကိုလည်း ခုချိန်ထိဘာမှဖြစ် မြောက်အောင် လုပ်မပေးနိုင်သေးဘူး မေမေရယ် ...........
မေမေ မသိလိုက်တဲ့  နေပြည်တော်ဆိုတဲ့နေရာမှာ သမီးအားလုံးနဲ့ ခွဲပြီးတော့အလုပ်လုပ်နေတယ် မေမေရယ် အဆောင်မှာနေရတဲ့ဘ၀ကိုလည်း စိတ်ကုန်လာပြီ။ အိမ်ဆိုတဲ့အရာနဲ့  ဘယ်တော့မှနေခွင့်ရှိမှာလဲ မေမေရယ် ရင်ဖွင့်တိုင်ပင်စရာ အမြဲနားလည်ပေးတတ်တဲ့  မေမေ မရှိတော့ တစ်ခုခုဆို သမီးတစ်ယောက်တည်းပဲ ကြိတ် ခံစားနေရတာများတော့ အရမ်းမွန်းကြပ်လာပြီမေမေ။ မေမေ့ကို အိပ်မက်ထဲမှာတွေ့ တိုင်း မေမေမသေဘူးတဲ့  စကားတွေ အများကြီးပြောပြီးတော့ပျော်စရာကြီးပဲ။ အိပ်မက်ကနိုးလာတဲ့ အချိန်ကျတော့ အပြင်မှာ အမှန်တရား ကို ရင်ဆိုင်ဖို့အားမွေးရပြန်ရော မေမေရယ်။ လွမ်းတယ် ဒါပေမဲ့အဲဒီအလွမ်းတွေကို ဖြေဖျောက်ဖို့အခြေအနေမှ မရှိတော့တာ။ ဒါပေမဲ့ မေမေရယ် သမီးရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေတဲ့  မေမေ့ကို သတိရ လွမ်းဆွတ်တိုင်း မေမေဖြစ်စေချင်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်အောင် သမီးကြိုးစားနေပါ့မယ် မေမေရယ် .......... ။
Posted by ယောဖြူ at Sunday, April 27, 2008 0 comments