သူငယ်ချင်း ငါတို့တွေပြောလာခဲ့တဲ့  ရည်မှန်းချက်ပန်းတိုင် ဆိုတာကြီးကို ဘယ်လိုဒါဏ်ရာတွေနဲ့  နင်လျှောက် လှမ်းနေပြီလဲ ငါသိချင်လိုက်တာ။ ငါကရော ဖြစ်ချင်တဲ့ အရာတွေကိုမပြောနဲ့  ဖြစ်သင့်တာ၊ ဖြစ်နေတာတွေကို ရော ကြေကြေနပ်နပ်နဲ့ လက်ခံပြီး ဘ၀ကိုလျှောက်လှမ်းနေတယ်လို့  နင်ထင်နေပြီလား ပွင့်ပွင့်လင်းလင်းပြော ရရင် အခုအလုပ်မှာလည်း ငါအဆင်မပြေဘူးဟာ ငါတို့ ရဲ့ပင်ကိုစိတ်ကိုက ဗိုလ်ကျစိုးမိုး၊ ခေါင်းပုံဖြတ်မှုတွေကို မုန်းတီးရွံရှာတတ်တော့  တော်ရုံတန်ရုံနေရာနဲ့ အဆင်မပြေလောက်ဘူး ဆိုတာငါလည်းသိပါတယ်။
မိဘကျေးဇူး ဆပ်ဖို့ မပြောနဲ့၊ ကိုယ့်ဘာသာတောင် မနည်းနပ်မှန်အောင်လုပ်နေရတဲ့  အနေအထားမှာ ငါ့မေမေ ပြောဖူးတဲ့  စကားလေး သွားသတိရတယ် မိဘနှစ်ဦးကသား/သမီးဆယ်ဦးကို ကျွေးမွေးထားနိုင်ပေမဲ့ အဲဒီ သား/သမီးဆယ်ဦးက မိဘနှစ်ဦးကို ပြန်ကျွေးမထားနိုင်ဘူးတဲ့  သိပ်ဟုတ်တယ်ဟာ၊ ငါ ငါ့အောက်က မောင်ညီမလေး တွေကိုတောင် မုန့်ဖိုးမပေးနိုင်ဘူး။ ငါ တစ်ခုခုတော့ ပြောင်းလဲလုပ်ကိုင်သင့်ပြီဆိုတာ သဘောပေါက်ပါတယ်။
တစ်ခြားမှာထွက်ပြီး လုပ်ရအောင်ကလည်း ငါ့လက်ထဲမှာ ငွေမရှိဘူး၊ နင်ကရော ဒီအလုပ်မှာ နေတော့မှာလား ငါတို့ တွေ တစ်ခုခုတော့သေချာပေါက် လုပ်ရတော့မယ်၊ သြော်...ဘ၀က ကျောင်းသင်ခန်းစာတွေထဲမှာ မသင် ခဲ့ ရဖူးတဲ့ သင်ခန်းစာအသစ်တွေနဲ့ပဲ ငြိငြိနေတယ်...ကြမ်းတယ်ဆိုတာထက် လမ်းပျောက်နေတဲ့  အပေအတေ လေး တစ်ယောက်ဖြစ်နေပြီလို့  ငါ့ကိုယ်ငါ သုံးသပ်မိတယ်၊ ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာ စကားလုံး လှလှတွေတောင် ငါ့ရင်ထဲက ထွက်မလာနိုင်တော့ဘူး။
တစ်ခြားမှာထွက်ပြီး လုပ်ရအောင်ကလည်း ငါ့လက်ထဲမှာ ငွေမရှိဘူး၊ နင်ကရော ဒီအလုပ်မှာ နေတော့မှာလား ငါတို့ တွေ တစ်ခုခုတော့သေချာပေါက် လုပ်ရတော့မယ်၊ သြော်...ဘ၀က ကျောင်းသင်ခန်းစာတွေထဲမှာ မသင် ခဲ့ ရဖူးတဲ့ သင်ခန်းစာအသစ်တွေနဲ့ပဲ ငြိငြိနေတယ်...ကြမ်းတယ်ဆိုတာထက် လမ်းပျောက်နေတဲ့  အပေအတေ လေး တစ်ယောက်ဖြစ်နေပြီလို့  ငါ့ကိုယ်ငါ သုံးသပ်မိတယ်၊ ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာ စကားလုံး လှလှတွေတောင် ငါ့ရင်ထဲက ထွက်မလာနိုင်တော့ဘူး။
Life is Struggle တဲ့ .... ဘ၀က ရုန်းကန်နေထိုင်ရခြင်းဆိုတာကို ငါလက်ခံပါတယ်။ ရုန်းကန်နေရတာပါပဲ လားဟာ... အသက်အရွယ်နဲ့ စာရင် ကြုံတွေ့ နေရတဲ့  လောကဓံက ပိုပြီးတော့ များနေလားလို့ ငါကိုကညံ့တာ လည်းဖြစ်မှာပါ။ ကိုယ်နဲ့လုံးဝကို မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့  အလုပ်တစ်ခုကိုလုပ်နေရတာဟာ ရှုံးနိမ့် မှုရဲ့ လမ်းစပေါ်ကို လျှောက်နေမိတာလား... ငါဖြစ်ချင်တာက ဘာလဲ၊ ငါဖြစ်ချင်တာတွေထဲမှာ အဖြစ်နိုင်ဆုံး အ ရာတစ်ခုကိုတောင် ငါဖန်တီးနိုင်စွမ်းမရှိတော့ဘူးလား....ငါသိနေတဲ့အသိတွေ၊ ငါလုပ်နေတဲ့အလုပ်တွေ ငါမက်ခဲ့ တဲ့ အိပ်မက်တွေ ဘယ်တော့တစ်ထပ်တည်းကျမှာလဲ “ အလုပ်မပါတဲ့  ယုံကြည်မှုဟာ အသေသက်သက်ပဲတဲ့  ” ငါ အဲ့ဒီအိပ်မက်အသေကြီးကို မက်နေတာအချိန်တော်တော်ကုန်သွားပြီ။ ၂ နှစ်ဆိုတဲ့  အတိုင်းအတာဟာ နည်း
မှမနည်းဘဲ အဲဒီအသေကို အရင်းပြုပြီး ငါလှုပ်ရှားမှရတော့မယ် မပျော်တော့ဘူး၊ အခုအလုပ်ကထွက်သွားချင်ပြီ။
အဲ့ဒါ ကိုယ်ကပဲ သူတို့နေရာ မရောက်သေးလို့ ဒီစည်းစိမ်မျိုးကို မခံစားဘူးလို့  မသိသေးတာလား .... ကိုယ်သာ အဲ့ဒီနေရာရခဲ့ရင် လူတွေကို အဲ့လိုဆက်ဆံဖို့  အတွေးထဲတောင် မရှိခဲ့ဘူး၊ အဲဒီနေရာရဲ့  အရသာက သကာဖုံး နေတဲ့ အဆိပ်ခွက်လိုပဲလား ...နေရာတစ်ခုက လူတွေကို အဲ့လိုဆက်ဆံဖို့ရမယ် အဲ့လိုလုပ်မှရမယ်ဆိုရင် ငါ အညွန့်တုံးသွားပါစေ အဲဒီနေရာမှာ ငါမလာတော့ဘူး ဘာဘဲပြောပြော လူကိုလူလို နားလည်တတ်တဲ့  နေရာမှာ ငါလုပ်ချင်တယ်၊ အပြင်လောကကိုထွက်လိုက်ပြီ ဆိုတာနဲ့အားလုံးဟာ ကိုယ့်အိမ်လိုမဟုတ်ဘူးဆိုတာကို ငယ် ငယ်ကတည်းကနေ မသင်ဘဲတတ်တယ်၊ သိခဲ့တယ် ဒါပေမဲ့ဟာ...သိခဲ့တဲ့အသိနဲ့  လက်တွေ့ နဲ့က ကွာဟလွန်း နေလားလို့။လူတိုင်းမှာ ခံစားချက်တစ်ခုစီတော့ ရှိတတ်ကြတာပဲမဟုတ်လား ... ဘ၀ဆိုတဲ့ကျောင်းမှာ အထက် တန်းကျောင်းကလို စိတ်ကူးတွေနဲ့  ဖြတ်သန်းချင်လို့ ဘယ်ရမလဲလေ ကြာလေသိလေ သိလေ မလုပ်ချင်လေ လေလေလေ လေတယ်ဟာ... အပေအတေနဲ့ လေနေတဲ့ဘ၀ကို ငါဘယ်လိုနည်းလမ်းနဲ့  နေရာမှန်ရောက် အောင်လုပ်ရမလဲ သူငယ်ချင်း။ ငါရဲ့အိပ်မက်အသေကို အိပ်မက်လှေလေးလို လှော်ခေတ်သွားနိုင်အောင် လို အပ်နေတာက ................. ။
စိတ်ပျက်အားငယ်သော အတွေးများနှင့် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော ခံစားချက်များဖြင့်သာ ရေးဖွဲ့ပါ သည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော သဘောထားမှမရှိပါ။ တိုက်ဆိုင်မှုရှိက ထိုသူကိုသာ ရည်ညွှန်းပါ သည်။ :P
No comments:
Post a Comment