Saturday, July 12, 2008

ရင်ဖွင့်ဖော်

မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။

No comments: