Saturday, May 31, 2008

ဂျက်ပစီတစ်ယောက်ရဲ့ အတွေး


အမေရယ်--
ငွေမရှိတဲ့  သမီးရဲ့ ဘ၀က
ကားလမ်းနံဘေးက အစွန့် ပစ်ခံ ရေသန့် ဗူးခွံလို
အသုံးပြုပြီးသား တစ်ရှူးတစ်ရွက်လို
နှိမ်နှိမ်ချချဆက်ဆံချင်ကြရဲ့ 
ငွေရှိလူတန်းစားတွေကပေါ့ လေ
နာကြည်းချက်တွေ မုန်းတီးချက်တွေ
ရောပြွမ်းနေတဲ့ 
အနှိမ်ခံဘ၀ရဲ့  သမီးငယ် တစ်ယောက်ဟာ
ဘယ်လောက်အထိများ
ဘ၀ရဲ့ ခါးသီးမှုဒါဏ်ကို
ခါးစည်းခံနေရအုံးမှာလဲ
ဂျက်ပစီမိုးတိမ်တဲ့ 
ပြောချင်လည်းပြောကြပါစေ အမေရယ်
မိုးတိမ်တစ်ခုလို တည်ငြိမ်မှုမရှိတဲ့ 
သမီးရဲ့ ဘ၀မှာ
မိုးတိမ်လို လွင့်မြောနေပေမဲ့ 
မိုးတိမ်လို အမြင့်မှာနေရအောင်
သမီး ကြံဆောင်မှာပါအမေ
တစ်နေ့ နေ့ ကျရင်ပေါ့ 
အဲဒီ ခပ်ပါးပါး စက္ကူရွက်တွေနဲ့ 
လူတွေကို လွှမ်းမိုးပစ်နိုင်ဖို့ ။

No comments: