Saturday, May 31, 2008

ပေးသနားပါ

ငါ၏ စစ်မှန်သော ချစ်ခြင်းတရားအတွက်
အထီးကျန်ညတွေ ဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အိပ်ပျက်ညတွေဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အထိအတွေ့ မဲ့ ချစ်ခြင်းတွေ
ခိုင်မြဲ ဖို့ သစ္စာတရား
ပေးသနားပါ
မျှော်လင့်ခြင်းတွေ
ပြည့်ဝလာစေမဲ့  အလင်းများ
ပေးသနားပါ
အလွမ်းတွေ ကြံ့ ကြံ့ ခံနိုင်ဖို့ အင်အား
ပေးသနားပါ
အလွမ်းအဆွေးတွေကြား
အထီးကျန်ခံစား
တမ်းတမျှော်လင့်ခြင်းများစွာအတွက်
ဆုံဆည်းနိုင်ဖို့ အခွင့်အလမ်းများ
ပေးသနားပါ။

ကြိုက်မိတဲ့ စကားလေးတစ်ခွန်း

“နတ္ထိလောကေ အနိန္ဒိတော”

လောကေ လောက

အနိန္ဒိတော အကဲ့ ရဲ့ ခံရလွတ်သူသည်

နတ္ထိ မရှိ

လောကမှာ အကဲ့ ရဲ့ ခံရလွတ်သူသည်မရှိ။

မင်းမရှိတဲ့နောက်


သူငယ်ချင်း........
စကားသုံးလုံးရဲ့ အတွင်းမှာ
ဖြူစင်တဲ့  ချစ်ခြင်းတွေပါတယ်
ဖြတ်လို့ မရတဲ့  သံယောဇဉ်တွေပါတယ်
ပြောပြလို့ မရနိုင်တဲ့  နားလည်မှုတွေပါတယ်

သူငယ်ချင်း.......
တစ်ယောက်တစ်နယ်မှာ ဝေးကွာနေလည်း
ဘယ်လောက်ဝေးဝေး
နှလုံးသွေးနဲ့  သက်သေတည်မယ်
နှလုံးသားက ခံစားမှတ်မိ
ဖြူစင်မှု အပြည်နဲ့  သူငယ်ချင်း
နှလုံးသားချင်းဆက်ထားမယ်

ဘာဘဲဖြစ်ဖြစ် သူငယ်ချင်း.......
ဟောဒီကမ္ဘာမြေမှာ
မင်းသာမရှိခဲ့ ရင်
ငါ့ ဘ၀ကတော့
ရှင်လျက်နဲ့ သေနေခြင်း ။

“နရီသစ်” ဆိုတဲ့ မဂ္ဂဇင်းလေးမှာထည့်သွင်းဖော်ပြခံရဖူးပါတယ် ။ ဒါပေမဲ့ အဲဒီမဂ္ဂဇင်းက အောင်မြင်မှုမရလိုက် ပါဘူး။ အခု youth ဆိုတဲ့မဂ္ဂဇင်းက အဲဒီ နရီသစ်နာမည်နဲ့ အရင်ကလုပ်ခဲ့တဲ့မဂ္ဂဇင်းလေးပါ။ ဆရာကောင်းသန့်  စီစဉ် ထုတ်ဝေခဲ့ တာပါ။

ဂျက်ပစီတစ်ယောက်ရဲ့ အတွေး


အမေရယ်--
ငွေမရှိတဲ့  သမီးရဲ့ ဘ၀က
ကားလမ်းနံဘေးက အစွန့် ပစ်ခံ ရေသန့် ဗူးခွံလို
အသုံးပြုပြီးသား တစ်ရှူးတစ်ရွက်လို
နှိမ်နှိမ်ချချဆက်ဆံချင်ကြရဲ့ 
ငွေရှိလူတန်းစားတွေကပေါ့ လေ
နာကြည်းချက်တွေ မုန်းတီးချက်တွေ
ရောပြွမ်းနေတဲ့ 
အနှိမ်ခံဘ၀ရဲ့  သမီးငယ် တစ်ယောက်ဟာ
ဘယ်လောက်အထိများ
ဘ၀ရဲ့ ခါးသီးမှုဒါဏ်ကို
ခါးစည်းခံနေရအုံးမှာလဲ
ဂျက်ပစီမိုးတိမ်တဲ့ 
ပြောချင်လည်းပြောကြပါစေ အမေရယ်
မိုးတိမ်တစ်ခုလို တည်ငြိမ်မှုမရှိတဲ့ 
သမီးရဲ့ ဘ၀မှာ
မိုးတိမ်လို လွင့်မြောနေပေမဲ့ 
မိုးတိမ်လို အမြင့်မှာနေရအောင်
သမီး ကြံဆောင်မှာပါအမေ
တစ်နေ့ နေ့ ကျရင်ပေါ့ 
အဲဒီ ခပ်ပါးပါး စက္ကူရွက်တွေနဲ့ 
လူတွေကို လွှမ်းမိုးပစ်နိုင်ဖို့ ။

ဖြစ်ချင်တာ ဖြစ်သင့်တာ ဖြစ်နေတာ တွေနဲ့  “ငါ” (သို့ ) အိပ်မက်သေ

သူငယ်ချင်း ငါတို့တွေပြောလာခဲ့တဲ့  ရည်မှန်းချက်ပန်းတိုင် ဆိုတာကြီးကို ဘယ်လိုဒါဏ်ရာတွေနဲ့  နင်လျှောက် လှမ်းနေပြီလဲ ငါသိချင်လိုက်တာ။ ငါကရော ဖြစ်ချင်တဲ့ အရာတွေကိုမပြောနဲ့  ဖြစ်သင့်တာ၊ ဖြစ်နေတာတွေကို ရော ကြေကြေနပ်နပ်နဲ့ လက်ခံပြီး ဘ၀ကိုလျှောက်လှမ်းနေတယ်လို့  နင်ထင်နေပြီလား ပွင့်ပွင့်လင်းလင်းပြော ရရင် အခုအလုပ်မှာလည်း ငါအဆင်မပြေဘူးဟာ ငါတို့ ရဲ့ပင်ကိုစိတ်ကိုက ဗိုလ်ကျစိုးမိုး၊ ခေါင်းပုံဖြတ်မှုတွေကို မုန်းတီးရွံရှာတတ်တော့  တော်ရုံတန်ရုံနေရာနဲ့ အဆင်မပြေလောက်ဘူး ဆိုတာငါလည်းသိပါတယ်။
မိဘကျေးဇူး ဆပ်ဖို့ မပြောနဲ့၊ ကိုယ့်ဘာသာတောင် မနည်းနပ်မှန်အောင်လုပ်နေရတဲ့  အနေအထားမှာ ငါ့မေမေ ပြောဖူးတဲ့  စကားလေး သွားသတိရတယ် မိဘနှစ်ဦးကသား/သမီးဆယ်ဦးကို ကျွေးမွေးထားနိုင်ပေမဲ့ အဲဒီ သား/သမီးဆယ်ဦးက မိဘနှစ်ဦးကို ပြန်ကျွေးမထားနိုင်ဘူးတဲ့  သိပ်ဟုတ်တယ်ဟာ၊ ငါ ငါ့အောက်က မောင်ညီမလေး တွေကိုတောင် မုန့်ဖိုးမပေးနိုင်ဘူး။ ငါ တစ်ခုခုတော့ ပြောင်းလဲလုပ်ကိုင်သင့်ပြီဆိုတာ သဘောပေါက်ပါတယ်။
တစ်ခြားမှာထွက်ပြီး လုပ်ရအောင်ကလည်း ငါ့လက်ထဲမှာ ငွေမရှိဘူး၊ နင်ကရော ဒီအလုပ်မှာ နေတော့မှာလား ငါတို့ တွေ တစ်ခုခုတော့သေချာပေါက် လုပ်ရတော့မယ်၊ သြော်...ဘ၀က ကျောင်းသင်ခန်းစာတွေထဲမှာ မသင် ခဲ့ ရဖူးတဲ့ သင်ခန်းစာအသစ်တွေနဲ့ပဲ ငြိငြိနေတယ်...ကြမ်းတယ်ဆိုတာထက် လမ်းပျောက်နေတဲ့  အပေအတေ လေး တစ်ယောက်ဖြစ်နေပြီလို့  ငါ့ကိုယ်ငါ သုံးသပ်မိတယ်၊ ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာ စကားလုံး လှလှတွေတောင် ငါ့ရင်ထဲက ထွက်မလာနိုင်တော့ဘူး။
Life is Struggle တဲ့ .... ဘ၀က ရုန်းကန်နေထိုင်ရခြင်းဆိုတာကို ငါလက်ခံပါတယ်။ ရုန်းကန်နေရတာပါပဲ လားဟာ... အသက်အရွယ်နဲ့ စာရင် ကြုံတွေ့ နေရတဲ့  လောကဓံက ပိုပြီးတော့ များနေလားလို့ ငါကိုကညံ့တာ လည်းဖြစ်မှာပါ။ ကိုယ်နဲ့လုံးဝကို မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့  အလုပ်တစ်ခုကိုလုပ်နေရတာဟာ ရှုံးနိမ့် မှုရဲ့ လမ်းစပေါ်ကို လျှောက်နေမိတာလား... ငါဖြစ်ချင်တာက ဘာလဲ၊ ငါဖြစ်ချင်တာတွေထဲမှာ အဖြစ်နိုင်ဆုံး အ ရာတစ်ခုကိုတောင် ငါဖန်တီးနိုင်စွမ်းမရှိတော့ဘူးလား....ငါသိနေတဲ့အသိတွေ၊ ငါလုပ်နေတဲ့အလုပ်တွေ ငါမက်ခဲ့ တဲ့ အိပ်မက်တွေ ဘယ်တော့တစ်ထပ်တည်းကျမှာလဲ “ အလုပ်မပါတဲ့  ယုံကြည်မှုဟာ အသေသက်သက်ပဲတဲ့  ” ငါ အဲ့ဒီအိပ်မက်အသေကြီးကို မက်နေတာအချိန်တော်တော်ကုန်သွားပြီ။ ၂ နှစ်ဆိုတဲ့  အတိုင်းအတာဟာ နည်း
မှမနည်းဘဲ အဲဒီအသေကို အရင်းပြုပြီး ငါလှုပ်ရှားမှရတော့မယ် မပျော်တော့ဘူး၊ အခုအလုပ်ကထွက်သွားချင်ပြီ။
အဲ့ဒါ ကိုယ်ကပဲ သူတို့နေရာ မရောက်သေးလို့ ဒီစည်းစိမ်မျိုးကို မခံစားဘူးလို့  မသိသေးတာလား .... ကိုယ်သာ အဲ့ဒီနေရာရခဲ့ရင် လူတွေကို အဲ့လိုဆက်ဆံဖို့  အတွေးထဲတောင် မရှိခဲ့ဘူး၊ အဲဒီနေရာရဲ့  အရသာက သကာဖုံး နေတဲ့ အဆိပ်ခွက်လိုပဲလား ...နေရာတစ်ခုက လူတွေကို အဲ့လိုဆက်ဆံဖို့ရမယ် အဲ့လိုလုပ်မှရမယ်ဆိုရင် ငါ အညွန့်တုံးသွားပါစေ အဲဒီနေရာမှာ ငါမလာတော့ဘူး ဘာဘဲပြောပြော လူကိုလူလို နားလည်တတ်တဲ့  နေရာမှာ ငါလုပ်ချင်တယ်၊ အပြင်လောကကိုထွက်လိုက်ပြီ ဆိုတာနဲ့အားလုံးဟာ ကိုယ့်အိမ်လိုမဟုတ်ဘူးဆိုတာကို ငယ် ငယ်ကတည်းကနေ မသင်ဘဲတတ်တယ်၊ သိခဲ့တယ် ဒါပေမဲ့ဟာ...သိခဲ့တဲ့အသိနဲ့  လက်တွေ့ နဲ့က ကွာဟလွန်း နေလားလို့။လူတိုင်းမှာ ခံစားချက်တစ်ခုစီတော့ ရှိတတ်ကြတာပဲမဟုတ်လား ... ဘ၀ဆိုတဲ့ကျောင်းမှာ အထက် တန်းကျောင်းကလို စိတ်ကူးတွေနဲ့  ဖြတ်သန်းချင်လို့ ဘယ်ရမလဲလေ ကြာလေသိလေ သိလေ မလုပ်ချင်လေ လေလေလေ လေတယ်ဟာ... အပေအတေနဲ့ လေနေတဲ့ဘ၀ကို ငါဘယ်လိုနည်းလမ်းနဲ့  နေရာမှန်ရောက် အောင်လုပ်ရမလဲ သူငယ်ချင်း။ ငါရဲ့အိပ်မက်အသေကို အိပ်မက်လှေလေးလို လှော်ခေတ်သွားနိုင်အောင် လို အပ်နေတာက ................. ။

စိတ်ပျက်အားငယ်သော အတွေးများနှင့် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော ခံစားချက်များဖြင့်သာ ရေးဖွဲ့ပါ သည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော သဘောထားမှမရှိပါ။ တိုက်ဆိုင်မှုရှိက ထိုသူကိုသာ ရည်ညွှန်းပါ သည်။ :P

Friday, May 30, 2008

မြို့ကလေး---------သို့ 

တောင်တန်းပြာပြာနှင့် တောင်ကျချောင်းရေကြည်ကြည်စိမ်းစိုနေတဲ့ တောတန်း ရွှေရောင်လွှမ်းနေတဲ့  စပါးခင်း တွေနဲ့ပြည့်နှက်နေတဲ့မြို့ကလေး ----ကမ္ဘာမှာမျက်နှာရနေတဲ့ အဖိုးတန်ကျွန်းသစ်အမြောက်အများကို ထုတ်ပေး နေတဲ့ ရိုးမတောင်တန်းကြီးတွေရဲ့ အလယ်မှာ တည်ရှိနေတဲ့မြို့ ကလေး-----ဖန်းခါးမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်း ဆောမြို့ နယ်အတွင်းမှာ တည်ရှိနေတဲ့  ယောနယ်တောင်ပိုင်းရဲ့  ရှေးဟောင်းသမိုင်းဝင်မြို့ ကလေး ရေ----တောင်တန်းပြာပြာတွေက နင့်ကို ၀ှက်ထားကြတယ် တောင်ကျချောင်းရေကြည်ကြည်တွေက နင့်ကိုဝန်းရံ စီးဆင်းနေကြတယ်နော် တခါတရံမှာ မြောက်ပြန်လေနဲ့ အတူ “ခေါနုစုမ်”လို့ ခေါ်တဲ့  “၀ိတိုရိယ” တောင် ပေါ်က တောင်ဇလပ်ရနံ့ တွေက လေအနော့မှာ ဆော့ကစားလာတတ်ကြသေးရဲ့ နော် ကောင်းကင်ပြာပြာ ကြီးကလည်း မြို့ ကလေးရဲ့ သဘာဝရှုခင်းအလှကို ပံ့ပိုးဖြည့်ဆည်းပေးထားပြန်ပါရဲ့--ဆည်းဆာညနေချိန် မှာတော့ တောင်တန်းပြာပြာပေါ် မေးတင်ထားတဲ့ နေ၀န်းနီနီရယ် ဖြူလွှလွှတိမ်စိုင်တွေရယ်ဟာ တောင်ကျ ချောင်း ရေ ကြည်ကြည်ပေါ်မှာ အရိပ်ထင်နေတဲ့ မြင်ကွင်းက မျက်ဝန်းထဲမှာတင်မက နှလုံးသားထဲမှာပါ စွဲထင် ကျန်ရစ်တယ်ဆိုရင်လိုတယ်လို့ တောင် ပြောကြအုံးမှာပါ သေချာပါတယ် ။
မြို့ ကလေးရေ........ နှင်းတွေဝေ မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းတိုင်းရဲ့ မြင်ကွင်းဟာ နှင်းစက် တွေရွှဲကျနေတဲ့ စိမ်းစိုစို မြက်ခင်းတွေနဲ့ထွက်ပြူစနေမင်းရယ်ဟာ အဲဒီမြို့ ကလေးမှာလှပစွာနေရာယူထားတတ် ပြန်ပါရဲ့၊ မြင်မြင်ချင်းကျိန်ဝင့်ပါရဲ့  မြို့ ကလေးရေ---အဲဒီမနက်ခင်းလောက်လှတဲ့ အလှစစ်စစ်ကို ဘယ်နေရာ မှာမှမတွေ့ ခဲ့ဖူးကြောင်းကိုပေါ့ ၊ဟိုးအဝေးကလှမ်းမြင်နေရတဲ့ တောင်ကုန်းထက်က ထုံးဖြူဖြူစေတီတွေရယ်
မြို့ လယ်မှာရှိတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ယောနယ်တစ်ခုလုံးရဲ့ တန်ခိုးကြီးစေတီတစ်ဆူဖြစ်တဲ့  “မြမာလာ” စေတီ ရယ် စိမ်းလဲ့နေတဲ့ကန်မှာကြာမျိုးစုံနဲ့ပြည့်နှက် တင့်တယ်လှပနေတဲ့ မြို့လယ်ကန်ကြီးနံဘေးက ခြောက်ဆူ စေတီတွေရယ်က မြို့ ကလေးရဲ့  စိတ်အလှနဲ့ ဓါနတရားတွေကို ဖော်ကြူးပေးတတ်ပြန်ပါရဲ့ ........
မြို့ကလေးရေ နိုင်ငံတော်ရဲ့မျိုးဆက်သစ်ရတနာတွေကို ဖော်ထုတ်ပေးနေတဲ့ အ.ထ.ကကျောင်း အဆောက်အဦး ကြီးကလည်း မြို့ ကလေးရဲ့ ဂုဏ်သိက္ခာကို တည်ငြိမ်စွာဖော်ပြ နေတတ်ပြန်ပြီလေ၊ တိုက်နယ် ဆေးရုံနဘေးက စိန်ပန်းတွေအုံ့ဆိုင်းနေတဲ့  မူလတန်းကျောင်း ၊ရပ်ကွက်စာကြည့်တိုက်၊ သစ်တောဌာနရုံး ၊ကြံ့ ခိုင်ရေးရုံး ၊အစိုးရရုံးတွေနဲ့  တဆက် တည်းလိုရှိနေတဲ့  ဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွေကလည်း ခံ့ညား ထည်ဝါစွာနဲ့လာသမျှဧည့်သည် ကို ဖိတ်ခေါ်ကြိုဆိုနေကြတယ်လေ၊ မြို့ကလေးရေ လက်ညှိုးထိုးရင်မလွဲ လောက်အောင်ပေါများလှတဲ့ စေတီတွေတည်ရှိတာကြောင့် “ဒုတိယပုဂံမြေ”လို့ခေါ်ဝေါ်တင်စား မှားမယ် မထင်ပါလားနော်......
ပကာသနမဖက်တဲ့ သဘာဝအလှစစ်တွေနဲ့  တည်ရှိနေတဲ့ မြို့ ကလေးရေ............ ကံစမ်းမဲခြစ်ရတာ ထက်တောင်ပိုပြီးတော့ေ၀၀ါးသေးတဲ့ငါ့ကံကြမ္မာကအဝေးရောက်သူငယ်ချင်းတွေကို အားကျတမ်းတ လွမ်းဆွတ် သတိရနေရုံကလွဲပြီး ဘာလုပ်လို့ရမှာတဲ့လဲ....ငါမှတ်မိသလောက် ငါ့ဘက်ကနေတစ်ခါမှ ရပ်တည်မှုမရှိတဲ့  ငါ့ရဲ့ ကံကြမ္မာကိုလည်း အပြစ်မဆိုချင်ပါဘူးလေ..ဒါပေမဲ့ သေချာတာကတော့ မြို့ကလေးရေ ငါဟာ မျှော်လင့် ချက်မထားဘဲ ယုံကြည်ချက်ထားတတ်တဲ့လူစားပါ ။ငါ့ဆန္ဖတွေ တစ်နေ့နေ့ ပြည့်မယ်ဆိုတာကိုပေါ့ ......
မြို့ကလေးရေ ငါဟာ ရင်ထဲမှာ သူငယ်ချင်းတွေကို လွမ်းတဲ့စိတ်တွေရယ်(တစ်ချို့)ဝေဖန်တတ်တဲ့ ပတ်ဝန်းကျင်နဲ့  မပြေမလည်မကြည်မလင်ဖြစ်နေတဲ့  ငါ့စိတ်တွေရင်ထဲမှာ ပြည့်နေတဲ့  နာကျည်းချက်၊ မုန်းတီးချက် တွေကို မြို့ကလေးကိုတိုင်တည်ငိုကြွေးပြီး ရင်ဖွင့်ပြောခဲ့တဲ့ရက်တွေ အမြောက်အများရှိတယ်ဆိုတာ မြို့က လေးရေ မင်းနဲ့ငါသာအသိဆုံးပါကွာ တစ်ခါတစ်ရံ ဖိုးရွှေလမင်းကြီးက သူ့ဝတ်ရုံဝါ၀ါကြီးကို မြို့ကလေး ပေါ်ဖြန့်ကျက်ထားတဲ့ ညတွေမှာဆို ကာရံမညီကဗျာတွေ သဲစဉ်မဲ့တေးသွားတွေရဲ့ အလိုက်ကိုရှာရင်း မိုးလင်း ခဲ့တဲ့ အိပ်ပျက်ညတွေများပြီပေါ့ ဟာ..... ဒီလို ငါ့ခံစားချက်တွေကို အမြဲအလိုက်တသိ နားလည်ပေးတတ်တဲ့ (ပေးခဲ့တဲ့)မြို့ကလေးရေ “တွေ့ကြုံဆုံကွဲ” ဖြစ်မြဲဓမ္မတာမို့ မင်းနဲ့ငါမခွဲခွာချင်ပေမဲ့လည်း ကံကြမ္မာစေရာ အတိုင်း ခွဲခွါရအုံးမယ်နော် နှုတ်ဆက်ခဲ့တယ် မြို့ ကလေးရေ နင်နဲ့ ငါ ပြန်ဆုံမဲ့ နေ့ကို ရင်ခုန်စွာနဲ့ ငါမျှော်လင့် စောင့်စားရင်းငါ့ရဲ့ ယုံကြည်ချက်ဆိုတဲ့တာဝန်ကိုထမ်းဆောင်ဖို့ ငါသိပ်ချစ်တဲ့မြို့ကလေးရေ ခဏတော့နှုတ်ဆက် ခဲ့ပါရစေနော် ......
မြို့ကလေးရေ ငါဟာဘာရမယ်မှန်း မသိသေးတဲ့  ကံကြမ္မာနဲ့အတူ ငါ့ရဲ့အတ္တတွေ မာနတွေကို ဂူသွင်း ပြီး ပြင်းပြတဲ့ စိတ်ဆန္ဖတွေ ယုံကြည်ချက်တွေ အပြည့်တင်ဆောင်ထားတဲ့  ဘ၀ရတားကြီးကိုစီးနင်းရင်း မိုင် ထောင် ချီဝေးတဲ့  မြို့ကြီးတစ်မြို့ဆီကို ခံစားချက်၊ နာကြည်းချက်တွေနဲ့ခရီးကို အပြင်းနှင်ခဲ့တယ်လေ ဒါပေမဲ့ မြို့ကလေးရေ .....ငါက နှစ်ကောင်ကြွေးထားရတဲ့ လူဆိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ “ကင်း”ရဖို့ကိုတော့ကြိုးစား ရမှာပဲ၊ သေချာပါတယ် မြို့ကလေးရေ ငါဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တဲ့ လူစားပါ.....
မြို့ကလေးရေ မြို့ကြီးပြကြီးတွေရဲ့  ကြိုဆိုမှုကတော့ ခမ်းနားတဲ့အဆောက်အဦးကြီးတွေ၊ ခေတ်မှီ အားကစားကွင်းတွေ၊ ရှုပ်ထွေးနေတဲ့ ကားလမ်းမကြီးတွေ ဘယ်နေရာမှာကြည့်ကြည့် မိုးထိလုအောင် မြင့်မားနေ တဲ့တိုက်တန်းကြီးတွေက လှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်ဟာ၊ ကွန်ပြူတာသင်တန်းတွေ၊ စကားပြောသင်တန်း တွေတက်ရင်း တဖက်တလမ်းကနေ ၀င်ငွေရှာပြီး အလုပ်လုပ်နေကြတဲ့ နယ်ကလူငယ်လေးတွေရဲ့ ဘ၀ဟာ အတုယူအားကျဖို့ကောင်းသလို တစ်ခါတစ်လေတော့လည်း အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဟာ၊ မီးမလာ၊ ရေမချိုးရနဲ့  အခန်းကျဉ်းကျဉ်းလေးထဲမှာ စုနေရပြီး လွတ်လပ်မှုသိပ်မရှိဘူးဟ၊ တစ်ခါတစ်ရံမှာ စက်ရုံကထွက် တဲ့ မီးခိုးလုံးကြီးတွေ၊ ဈေးထဲကအနံ့အသက်တွေ၊ ကားပေါင်းမြောက်များစွာရဲ့  အခိုးအငွေ့တွေနဲ့မွန်းကြပ် ပိတ် လှောင်နေတဲ့ လေပူပူတွေကို ရှူရှိုက်ရတိုင်း နင့်ဆီကိုပြန်ပြေးခဲ့ချင်တဲ့ငါ့ရဲ့စိတ်တွေကို ထိန်းချုပ်ပြီး ငါ့ဘ၀အတွက် ပဲ လေဆိုတဲ့  ခံယူချက်နဲ့  အသက်ဆက်ခဲ့ ရသူပါ။
မြို့ကလေးရေ .......ဟိုးအရင်တုန်းက မင်းနဲ့ ငါ့ရဲ့အဖြစ်ဟာ အတိတ်မှာခပ်ရေးရေး ကျန်နေခဲ့ပေမဲ့  အခုအချိန်မှာတော့ အလွမ်းတွေအဖြစ် ထွေးပိုက်ထားနေဆဲပါ မြို့ကလေးရေ......နေ၀င်ချိန်မှာ မြို့ကလေး ရဲ့လတ်ဆတ်တဲ့ လေနုအေးကိုရှူရှိုက်ပြီး သူငယ်ချင်းတွေနဲ့ အတူမြို့ကလေးရဲ့ နေရာအနှံ့  စက်ဘီးလျှောက်စီး ခဲ့ကြတာကိုတွေးမိတိုင်း သတိရမိ လွမ်းမိတယ်ဟာ။ မြို့ကလေးရဲ့လေနုအေးကို တစ်ဝကြီးရှူရှိုက်လိုက်ချင်ပါရဲ့။
ကောင်းကင်ပြာပြာ တိမ်စိုင်ဖွေးဖွေး တောင်ကျချောင်းရေ ခပ်အေးအေးနဲ့  မြို့ကလေးရဲ့ နေ၀င်ချိန်အလှကို တမ်းတမိပြန်ပါရဲ့လေ ဒါပေမဲ မြို့ကလေးရေ ရောက်တဲ့အရပ် မှာပျော်အောင်နေတတ်တာကိုက အရည်အချင်း တစ်ရပ်ပဲတဲ့ သိတယ်မဟုတ်လား ပျင်းတယ်ဆိုတာတော့ ငါ့မှာမရှိပါဘူး။ မြို့ပြရဲ့ခါးသီးမှုဒါဏ်တွေကို ကြိတ်မှိတ် ခံပြီး တစ်ခါတစ်ရံ စိတ်ဓါတ်ကျတတ်တဲ့ငါ့ကို စာအုပ်ကောင်းတွေက ကုစားပေးခဲ့ကြတယ်လေ...မြို့ပြကပေး လိုက်တဲ့ ဗဟုသုတအတွေ့အကြုံပညာတွေနဲ့ ငါ့ရဲ့မြို့ကလေးကို ပြန်ပြီးအကျိုးပြုနိုင်ဖို့ဆိုတဲ့စိတ်ဓါတ်နဲ့ရပ်တည် မှုတစ်ခုရဖို့အတွက်သာ မြို့ပြမှာ ခက်အခဲတွေကြားထဲက ရိုးသားကြိုးစားပြီး ဖြစ်သလိုနေခဲ့တယ် ဆိုတာ မင်း လည်းသိမှာပါ။ ပညာတွေစုံဗဟုသုတပေါင်းစုံနဲ့ လူတွေရဲ့အကြောင်းကိုလည်း ကြေညက်သလောက်ရှိနေပါပြီ။
မြို့ကလေးရေ.....မကြာခင်ရက်ပိုင်းအတွင်းမှာ နင့်ဆီကို ငါပြန်လာရတော့မယ်ဆိုတာ နင်ရုတ်တရက် ၀မ်းသာသွားအောင်လို့ ငါကြိုပြောမထားချင်ဘူးဟာ....နင်နဲ့တွေ့တော့မှဘဲ ငါ့ရဲ့အတွေအကြုံအခက်အခဲတွေ ကို ရင်ဖွင့်ချင်ပါသေးရဲ့ မြို့ကလေးရေ လွတ်လပ်ပျော်ရွှင်ခြင်းတွေ ရင်မှာပွေ့ပြီးမြို့ကလေးဆီ ငါပြန်လာခဲ့ပြီ လေ၊ မြို့ကလေးကိုရောက်ခါနီးလေ ငါ့ရင်ခုန်နှုန်းတွေက ပိုလို့မြန်လာလေပါပဲ မြို့ကလေးကရော အရင်လိုပဲ လား၊ ဘာတွေပြောင်းလဲသွားပြီလဲလို့ တွေးရင်းအရမ်းသိချင် ရောက်ချင်လာပြီဟာ...“လောင်းရှည်မြို့မှ လှိုက် လှဲစွာ ကြိုဆိုပါ၏”တဲ့... မြို့ကလေးရဲ့ မပြောင်းလဲသော နွေးထွေးတဲ့ ကြိုဆိုမှုကိုတွေ့ လိုက်ရတော့ ငါ့ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိတယ်ဟာ မြို့ကလေးမပြောင်းလဲတဲ့  မေတ္တာနဲ့ငါ့ကိုထာဝရကြိုဆို နေဆဲပဲနော် မြို့ကလေးက လူတွေကရော ကြိုကြမှာလား ၊ ငါ သိပ်သိချင်နေပြီ နှစ်အတော်ကြာခွဲခွါခဲ့ တဲ့  ဇာတိမြို့ကလေး ဟာ အဆောက်အဦးတွေ တိုးတက်ပြောင်းလဲလာတာကလွဲပြီး အရင်လိုဘဲ သာမောဖွယ်ရာ ရှိနေသေးပြန်ပါရဲ့
မြို့ကလေးရေ.... အခုတော့ငါ့ ဆန္ဖတွေပြည့်ဝခဲ့ပါပြီ၊ ငါ့ရဲ့ ဇာတိမြို့ကလေး အကြောင်းကို ဘောင်ထဲက အရုပ်တွေကနေတဆင့် ပြောပြခွင့်ရတော့မယ်။ (စက္ကူ) စာရွက်ဖြူဖြူလေးတွေပေါ်က စကားစုလေးတွေကနေ လည်း ပြောပြခွင့်ရတော့မယ်လေ။ ငါ့ရဲ့ထာဝရအဖော်ကောင်း မြို့ကလေးအကြောင်းကိုပေါ့ ။ ငါတတ်ထားတဲ့  ပညာတွေကို လူထုကိုဖြန့်ဝေပြီး လူသားအားလုံး ဒုစရိုက်ကင်း ဥပဒေတွင်းကနေ လှုပ်ရှားနေနိုင်ဖို့ကိုပေါ့ ။ လူသားအားလုံးအမှားနဲ့ အများဆုံးကင်းအောင် နေထိုင်လှုပ်ရှားနိုင်ဖို့  အမှောင်ထဲ ကအလုပ်တွေကို တိုက်ဖျက် ပြီး အလင်းတွေ ထွန်းညှိပေးဖို့  (အမှားလုပ်တဲ့ လူတစ်ချို့ )ငါပြန်လာခဲ့ပြီမြို့ကလေးရေ....။ အားလပ်တဲ့ အချိန် တွေမှာတော့ ငါ့ရဲ့သူငယ်ချင်းကောင်း မြို့ကလေးအကြောင်းကို အားလုံးသိအောင် ပန်းချီကားတွေ စာအုပ်တွေ နဲ့  ပြောချင်ရေးချင်ပါရဲ့  မြို့ကလေးကရော ကျေနပ်စွာခွင့်ပြုမှာပါနော်........
မြို့ကလေးရေ “ဟန်ဆောင်သောမိတ်ဆွေသည်ရန်သူထက်ဆိုးသတဲ့” မင်းနဲ့ငါ ဘာမဆို ပွင့်ပွင့်လင်း လင်း သူငယ်ချင်းအရင်းကြီးတွေမို့  တစ်သက်တာ ထာဝရ လက်တွဲမဖြုတ်နှုတ်မဆက်ကြေး.......ဘယ်တော့မှ နှုတ်မဆက်ကြေး Never Say Goodbye မြို့ကလေးရေ.............
ကျွန်မရဲ့ “ယော” နဲ့  လူတစ်ချို့ ကြားမှာ လွဲမှားနေတဲ့  သံသယစိတ်တွေကို ချေဖျက်ပြီး ရိုးသားဖြူစင်တဲ့ ယောကို အမှန်အတိုင်း ရှု မြင်သုံးသပ်ကြမယ်ဆိုရင် ကျွန်မဟာ “ယော”နဲ့ လူတစ်ချို့ ရဲ့ ကြားက အနင်းခံတံတား တစ်စင်း ဖြစ်ရကျိုးနပ်ပါတယ် ။ကျွန်မရဲ့  ယော အတွက်ဆို လူတွေ ဘယ်လိုနင်းနင်း တံတားတစ်စင်း အဖြစ်
ဝပ်စင်းပြီး ဘ၀နဲ့ ရင်း ခင်းပေးလိုက်ချင်တယ် ယော အတွက်ဆို တံတားဖြူ လေးတစ်စင်း ထာဝရ
ခင်းနေမယ့် ....... ယောဖြူ

သဇင်လမ်း

ဖုန်ထူထူမြေနီလမ်းလေးတစ်ခု
အမှောင်ထုကိုအံတုရင်း
အလင်းပျပျနဲ့ သဇင်ညကို
ဝိုးတ၀ါးလျှောက်လှမ်း
ဒီလမ်းမှာ---
လမ်းမီးတိုင်မရှိဘူး
ပလက်ဖောင်းမရှိဘူး
ပလီပလာချစ်တင်းနှောရင်း
တီတီတာတာရယ်သံများ
ကြားနေရတယ်
နှစ်ကိုယ်တူကြည်နူးနေကြ
ချစ်သူစုံတွဲများ
တွေ့ မြင်ခဲ့ ရသည်လမ်းမကို
“ချစ်သူ့ လမ်းကြား”
ပညတ်ထားပေးလိုက်တယ်
အားကျမိတာလား
သတိရမိတာလား
ဝေေ၀၀ါးဝါးအတွေးတွေနဲ့ 
ဒါပေမဲ့ လေ----------
နွေရာသီရဲ့  ခြောက်သွေ့ နေ့ တွေမှာ
တစ်ကိုယ်တော်လျှောက်လှမ်း
အဲဒီချစ်သူ့ လမ်းမှာပေါ့ 
အလွမ်းတွေ တပွေ့ တပိုက်နဲ့ 
ငါ ငိုရှိုက်ခဲ့ ရဖူးတယ်။

အဝေးချစ်

အလွမ်းနေ့ ရက်
လှမ်းတွေ့ ခက်ခဲ (လည်း)
မှန်းဆပုံဖော်
တမ်းတမျှော်သည်
ချစ်သူဆီသို့ --
တစ်နယ်အဝေးမှ
နာကျင်နေသော နှလုံးသားနဲ့ --

ကဗျာဆရာ

ကဗျာဆရာဆိုတာ
အထီးကျန်ဝေဒနာ
တစ်ပွေ့ တစ်ပိုက်နဲ့ 
ဘ၀ကိုစိတ်ကြိုက်ဖြတ်သန်းချင်တဲ့ လူသား
အတွေးမှားနေတဲ့ ဘေးစကားကိုမယုံ
မှန်တယ်ထင်ရင်ဇွတ်လုပ်တတ်တဲ့ လူသား
အရောအနှောကင်းကင်းနဲ့ 
အခန်းကျဉ်းလေးထဲမှာပဲ
သီးသန့် ကမ္ဘာကိုတည်ဆောက်
ဘာကိုမှမကြောက်တတ်တဲ့ လူသား
ဘာအကြောင်းကြောင့်မှ
ခံယူချက်မပြောင်း
အတိမ်းအစောင်းမခံ
အမှန်တရားအတွက်
ယုံကြည်ချက်နဲ့ အသက်ဆက်တဲ့ လူသား
Plane တစ်ခွက်ကို အဖော်ပြု
အရာရာကို အံတုရင်ဆိုင်ရင်း
ကဗျာမဆန်တဲ့ လူသား
ကဗျာရေးတာမှားသလား

ပေးလှည့်ပါ

အိပ်စက်ခြင်းရယ်.........
ညရယ်..........
ကျွန်တော်ရယ်..........
လမ်းခွဲခဲ့ ကြတာကြာပြီ
ပုခက်လွှဲတဲ့ လက်ရဲ့ အုပ်စိုးမှုတွေ
ကျွန်တော့် ရဲ့ ကမ္ဘာမှာ
မရှိတော့တဲ့ အချိန်ကစလို့ ပေါ့ 
အထီးကျန်ဆန်တဲ့ ........
အတွေးတွေ အတွေးတွေ
ရူးသွားနိုင်တယ်
တကယ် တကယ်ပါပဲ
ထိန်းချုပ်ထားနိုင်လို့ 
ကျွန်တော်ဟာလေ
ခံစားချက်တွေနဲ့ 
ဆွံ့ အသွားခဲ့ ရပြီ
မေမေရယ်..........
ကျွန်တော့်ကို ခွန်အားတွေပေးလှည့်ပါ
ဟောဒီလောကကြီးမှာ ဆက်လက်ရပ်တည်နေနိုင်ဖို့ 

တစ်သက်စာအပြုံး

မေမေရေ--
မေမေမရှိကတည်းက
“မိုးပြို တဲ့ ညတွေ ”
အမှောင်အားကောင်းတဲ့ 
“ လမိုက်ညတွေ ”
ကြယ်ရောင်မဲ့ တဲ့ 
“ အလင်းပျောက်ညတွေ ”
လရောင်ဝေးတဲ့ 
“ ညမှောင်မှောင်လေးတွေ ”
ဒါပေမဲ့ ------
နှလုံးသားမှာ မမြဲ ရှင်သန်နေတဲ့ 
မေမေ့ ရဲ့ အပြုံးတွေနဲ့ ပဲ
ဘ၀ကို ရင်ဆိုင်ရုန်းကန်ရဲတဲ့ သတ္တိတွေ
အလိုအလျှောက်
ပေါ်ပေါက်ရရှိလာခဲ့ ပါတယ်
မေမေရယ်--------။

ကြေးမုံတစ်ချပ်ရဲ့ မြင်ကွင်း

“ယော” ဆိုတာ
“ရိုးသားခြင်း” လို့ အဓိပ္မါယ်ရတယ် သူငယ်ချင်း
ဖြူစင်မှုတွေ ပြည့်နှက်နေတဲ့ 
ငါတို့ ရဲ့ ယောမြေအလှပေါ်ကို
ဘယ်သူတွေ အမည်းစက်ချခဲ့ သလဲ
ရှေးရိုးဆန်အယူသည်း(သည်း)တဲ့  ရှေးလူကြီးတွေလား
မစူးစမ်းမဆင်ခြင်ဘဲ ယုံလွယ်တတ်တဲ့  ခေတ်လူငယ်တွေလား
ယောနယ်အကြောင်းကောင်းကောင်းမသိဘဲ
ဂျောက်ချရေးခဲ့ ကြတဲ့ 
စာရေးဆရာ မဟုတ်သော စာရေးဆရာတွေကြောင့်လား
ငါတို့ ရဲ့ ယောမြေကို
နာမည်ဆိုးတွေနဲ့ ဘဲမြင်သိခဲ့ ကြတယ်
ပုံတောင်ပုံညာကိုကျော်ဖြတ်
ယောနယ်စပ်ကိုရောက်ပြီဆိုကတည်းက
ယောရဲ့ ဖြူစင်ခြင်းတွေကို
ဘယ်သူပစ်ခွင်းမလဲ
ဖြူစင်ရိုးသားမှုသာမရှိခဲ့ ရင်
“ရိုးသားခြင်း”ဆိုတဲ့ စကားလုံးကို
ဘယ်သူတွေ စသုံးခဲ့ ကြမှာလဲ
“ရိုးသားခြင်း” ဘွဲ့ တံဆိပ်
ဘယ်သူခပ်နှိပ်ခဲ့ မှာလဲ
တစ်ခေါက်တစ်ခါလောက်
အရောက်လာခဲ့ပါသူငယ်ချင်း
ယောနယ်ကိုရောက်ပြီဆိုကာမှ
မင်းရဲ့ အမြင်တွေရှင်းပြီး
ငါတို့ ယောမြေရဲ့ စိတ်အလှကို
မင်းအံ့သြရလိမ့်မယ်