Friday, July 18, 2008

မီးလျှံသက်သက်

မှေးစက်ခိုဝင်
သူ့ရင်ခွင်ထဲ
တိုးဝှေ့ဖြတ်သန်း
ပိုးဖလံတစ်ကောင်လို
မီးလျှံသက်သက်အနမ်းကိုမှ
တမ်းတနေတတ်တာ။

အချစ်အတွက်
အရိုင်းသက်သက်
ရင်ခွင်ပျက်ယွင်း
မသိခြင်းတွေကသာ
သူမသိတဲ့အလွမ်း
သူမသိတဲ့တမ်းတခြင်းတွေနဲ့
ရူးသွပ်နေဆဲပါလေ။

နှလုံးသားပဲ့ကြွေ
လမ်းခွဲရက်စက်သွားလေလည်း
အိပ်မက်ထဲတိုး
နှိပ်စက်နှိုးလည်း
အိပ်ပျက်ညတွေများနေလည်းလေ
သည်တသက်မှာ
နှုတ်မဆက်ပါပဲ
မီးလျှံထဲတိုး။

No comments: