Sunday, April 27, 2008

သတိရလို့လွမ်းမိတယ်

သူငယ်ချင်း


လွမ်းတယ်သူငယ်ချင်းတို့ရယ် နင်တို့ နဲ့ အတူ စက်ဘီးတူတူစီးပြီး လျှောက်လည်နေကြ
အဲဒီ မြို့ ကလေးကိုလွမ်းတယ် ယောဓလေ့တွေနဲ့ ဝေးပြီး တစ်နယ်တစ်ကျေး
မှာနေတာကြာပေမဲ့  ငါတို့ ရဲ့  အေးချမ်းလှပတဲ့ တောင်ပေါ်မြို့ ကလေးကိုလွမ်းတယ်
တောင်တန်းပြာပြာ တွေကြားထဲက ရေစီးသန်တဲ့ ချောင်းကလေးနဲ့  အဲဒီမြို့ ကျဉ်းကျဉ်း
လေးကိုတကယ်လွမ်းတယ် ငါတို့ သူငယ်ချင်းတွေ အတူတက်ခဲ့ ကြတဲ့  အထက်တန်း
ကျောင်းဝန်းထဲက ငါတို့ တွေစိုက်ခဲ့ ကြတဲ့  အပင်တွေတောင် အတော်ကြီးနေတော့မယ် နံရံကပ်စာစောင်တွေရေးတိုင်း မပါမဖြစ် ပါခဲ့ကြတဲ့ ငါတို့ အဖွဲ့ တွေလည်း တစ်ယောက်တစ်ကွဲနဲ့ နော် ပန်းချီဆွဲရမယ်ဆို ထမင်းမေ့ ဟင်းမေ့ 
လုပ်ခဲ့ ကြတဲ့  ငါတို့ အဖွဲ့ တွေကို ဆရာမက စာသင်ခန်းထဲ မနည်းဆွဲခေါ်ခဲ့ ရတာတွေ
မှတ်မိကြသေးရဲ့ လား ကဗျာဆိုလည်းရေးလိုက် ပန်းချီဆိုလည်းဆွဲလိုက် ဘော့လုံးပွဲဆို
ပြေးကန်လိုက်နဲ့ ဆရာ၊ဆရာမတွေ အားလည်းကိုး လက်လည်းလန်တဲ့  ငါတို့ အဖွဲ့ ကတော့ 2000ပြည့်နှစ်အောင်ဆိုပြီး နာမည်ကြီးဘဲလေ ရပ်ကွက်ထဲကလူတွေ သိပ်မကြည် မိဘတွေကလည်းသိပ်မကြည်တဲ့  ငါတို့ အဆိုးအပေအဖွဲ့ ကြီး ပြန်ဆုံ
ချင်တယ်ဟာ ဘယ်သူတွေကဘယ်လို ပြောင်းလဲနေပြီလဲမသိပေမဲ့  ဘော့လုံးပွဲကြည့်
တိုင်း ငါနဲ့ အတူကျောင်းလစ်ပြီး ဘောလုံးပွဲကြည့်ခဲ့တဲ့  သူငယ်ချင်းတွေကို သတိရတယ် အားလုံးကအလုပ်ကိုယ်စီနဲ့  လူကြီးလိုနေနေကြပေမဲ့  သူငယ်ချင်းတွေနဲ့ 
တွေ့ ရင်တော့ အရင်လိုလွပ်လပ်ပျော်ရွှင်မယ်လို့  ငါထင်တယ် အားလုံးကိုသတိရတယ်
ပြန်ဆုံချင်တယ်ဟာ ဒီတစ်ခါငါတို့ တွေ ဆုံဖြစ်ရင် ၀ိတိုရိယတောင်ပေါ်ကို သွားဖြစ်
အောင်သွားချင်တယ်ဟာ မှတ်မှတ်ရရ ခရစ္စမတ်နေ့ ကြီး မိုးတွေအရမ်းရွာလို့ မသွားဖြစ်
လိုက်တာကို မမေ့ဘူး တစ်နေ့ နေ့ ပေါ့ အားလုံးနဲ့ ပြန်ဆုံချင်တယ် အဲဒီနေ့  အမြန်ရောက်ဖို့ ကြိုးစားရမှာဘဲဟာ အားလုံးကို သတိရနေ လွမ်းနေတယ်ဟာ
ယောနဲ့  နင်တို့ အားလုံးကိုလွမ်းတယ်

မေမေသို့ 

မေမေ

မြိုသိပ်ရတာများလွန်းလို့  အရမ်းပင်ပန်းနေပြီမေမေရယ် .........
မိသားစု ဆိုတာကိုတွေးမိတိုင်း စိတ်ပျက်ဝမ်းနည်းအားငယ်နေမိတယ် ။
မိဘနဲ့ ခွဲပြီး တစ်နယ်တစ်ကျေးအဝေးမှာ အလုပ်လာလုပ်တဲ့  လူချင်းတူပေမဲ့ ရုံးပိတ်ရင်အိမ်ပြန်ပြီး
နားခိုစရာမရှိတော့ အရမ်းဝမ်းနည်းမိတယ်။ အိမ်ဆိုတဲ့ နွေးထွေးမှုကို မရခဲ့တာ (၃) နှစ်ပြည့်တော့မယ်
မေမေဆုံးတာ ၃နှစ်ပြည့်တော့မယ်။ တွေးလိုက်တိုင်း မနေ့တစ်နေ့ ကလိုပဲ မွန်းကြပ်လာတယ် ။
မေမေဆုံးတော့ လုံးဝမျက်ရည်မကျအောင် ထိန်းထားခဲ့ လို့လားတော့ မသိဘူး ..အခုချိန်ထိတွေးလိုက်တိုင်း ရင်ထဲမှာဆို့ နင့်လာတယ် ။ နားခိုစရာ ရင်ခွင်မရှိတဲ့  မေမေ့ရဲ့သမီး ဘ၀ခရီးကြမ်းကြီးကို တစ်ယောက်တည်း ကြိုးစားပြီး လျှောက်လှမ်းနေပါတယ်။ စိတ်ပျက်အားငယ်မှုတွေကြုံတိုင်း စာအုပ်တွေဖတ်ပြီး ဖြေသိမ့်နေရတယ် ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာတောင် အချိန်မကျန်တော့ဘူး။ နုနုရွရွ စကားလုံး လှလှတွေလည်း ဖန်တီးနိုင်စွမ်း မရှိတော့ဘူး။ ၀ါသနာထက် ၀မ်းစာကို ဦးစားပေးရတော့ သူများစိတ်နဲ့ကိုယ့်ကိုယ် ဖြစ်နေပြီ။ လက်ရှိဘ၀ အပေါ်မှာ ရောင့်ရဲတင်းတိမ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားမယ်ဆိုတဲ့ ကတိ
တွေ မေမေ့အတွက် ဆိုတဲ့စိတ်တွေနဲ့  စကားလုံးလှလှလေးတွေနဲ့  ကတိတွေအကြိမ်ကြိမ်ပေးပြီး ဘာတစ်ခု
မှ မေမေ့အတွက် လုပ်ပေးခွင့်မရလိုက်တဲ့  မေ့မေ့ရဲ့ သမီးကြီး ။အငယ်နှစ်ယောက်ကိုလည်း ခုချိန်ထိဘာမှဖြစ် မြောက်အောင် လုပ်မပေးနိုင်သေးဘူး မေမေရယ် ...........
မေမေ မသိလိုက်တဲ့  နေပြည်တော်ဆိုတဲ့နေရာမှာ သမီးအားလုံးနဲ့ ခွဲပြီးတော့အလုပ်လုပ်နေတယ် မေမေရယ် အဆောင်မှာနေရတဲ့ဘ၀ကိုလည်း စိတ်ကုန်လာပြီ။ အိမ်ဆိုတဲ့အရာနဲ့  ဘယ်တော့မှနေခွင့်ရှိမှာလဲ မေမေရယ် ရင်ဖွင့်တိုင်ပင်စရာ အမြဲနားလည်ပေးတတ်တဲ့  မေမေ မရှိတော့ တစ်ခုခုဆို သမီးတစ်ယောက်တည်းပဲ ကြိတ် ခံစားနေရတာများတော့ အရမ်းမွန်းကြပ်လာပြီမေမေ။ မေမေ့ကို အိပ်မက်ထဲမှာတွေ့ တိုင်း မေမေမသေဘူးတဲ့  စကားတွေ အများကြီးပြောပြီးတော့ပျော်စရာကြီးပဲ။ အိပ်မက်ကနိုးလာတဲ့ အချိန်ကျတော့ အပြင်မှာ အမှန်တရား ကို ရင်ဆိုင်ဖို့အားမွေးရပြန်ရော မေမေရယ်။ လွမ်းတယ် ဒါပေမဲ့အဲဒီအလွမ်းတွေကို ဖြေဖျောက်ဖို့အခြေအနေမှ မရှိတော့တာ။ ဒါပေမဲ့ မေမေရယ် သမီးရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေတဲ့  မေမေ့ကို သတိရ လွမ်းဆွတ်တိုင်း မေမေဖြစ်စေချင်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်အောင် သမီးကြိုးစားနေပါ့မယ် မေမေရယ် .......... ။