Saturday, May 31, 2008

မင်းမရှိတဲ့နောက်


သူငယ်ချင်း........
စကားသုံးလုံးရဲ့ အတွင်းမှာ
ဖြူစင်တဲ့  ချစ်ခြင်းတွေပါတယ်
ဖြတ်လို့ မရတဲ့  သံယောဇဉ်တွေပါတယ်
ပြောပြလို့ မရနိုင်တဲ့  နားလည်မှုတွေပါတယ်

သူငယ်ချင်း.......
တစ်ယောက်တစ်နယ်မှာ ဝေးကွာနေလည်း
ဘယ်လောက်ဝေးဝေး
နှလုံးသွေးနဲ့  သက်သေတည်မယ်
နှလုံးသားက ခံစားမှတ်မိ
ဖြူစင်မှု အပြည်နဲ့  သူငယ်ချင်း
နှလုံးသားချင်းဆက်ထားမယ်

ဘာဘဲဖြစ်ဖြစ် သူငယ်ချင်း.......
ဟောဒီကမ္ဘာမြေမှာ
မင်းသာမရှိခဲ့ ရင်
ငါ့ ဘ၀ကတော့
ရှင်လျက်နဲ့ သေနေခြင်း ။

“နရီသစ်” ဆိုတဲ့ မဂ္ဂဇင်းလေးမှာထည့်သွင်းဖော်ပြခံရဖူးပါတယ် ။ ဒါပေမဲ့ အဲဒီမဂ္ဂဇင်းက အောင်မြင်မှုမရလိုက် ပါဘူး။ အခု youth ဆိုတဲ့မဂ္ဂဇင်းက အဲဒီ နရီသစ်နာမည်နဲ့ အရင်ကလုပ်ခဲ့တဲ့မဂ္ဂဇင်းလေးပါ။ ဆရာကောင်းသန့်  စီစဉ် ထုတ်ဝေခဲ့ တာပါ။

1 comment:

~~PaL~KoAla~~~ said...

ဘာပဲဖြစ်ဖြစ် ... သူငယ်ချင်း အစုတ်ပလုတ်မ (ချစ်စနိုးဖြင့်ခေါ်ခြင်း) နင့်ဘ၀မှာ ငါမရှိခဲ့ရင် နင့်ဘ၀တော့ ရှင်သေကြီးဖြစ်တော့မှာဘဲ :S