အတိတ်ရဲ့ နေ့ရက်တိုင်းမှာလည်း
နင်ကငါ့ဘေးနားမှာအမြဲ
လက်ရှိအနေအထားမှာလည်း
အဝေးကနေ နင်အားပေးနေမြဲ
တစ်ယောက်က တစ်ယောက်စီနဲ့
စိတ်ထွက်ပေါက်ရှာခဲ့ကြပေမဲ့
နင်နဲ့ငါ့လောက်
နားမလည်ခဲ့ကြတော့
မာနတွေနဲ့လွဲခဲ့ကြတယ်
ငါ့အတွက်တော့
နင့်ထက်တော်တဲ့လူတောင်
နင့်လောက်မတော်ဘူး
ငါ့အနာဂါတ်စိတ်ကူးကိုလည်း
နင်အားလုံးသိနေတယ်
နင့်ရည်မှန်းချက်တွေထဲမှာလည်း
ငါ့အနာဂါတ်တွေပါနေတယ်
ပြောပြစရာမလိုအောင်
ငါ့ဘ၀တစ်ခုလုံးကို နင်နားလည်နေပေမဲ့
နင်နဲ့ငါဟာ ဘယ်တော့မှမနီးနိုင်တဲ့
"သူငယ်ချင်း"ဆိုတဲ့စည်းတွေနဲ့
ချည်နှောင်ခံထားရတော့လည်း
အဲဒီစည်းတွေကိုဖောက်ပြီး
ချစ်သူဘ၀ရောက်ခဲ့ရင်တောင်
အရင်နေရာလေးပျောက်မှာကို
ငါအရမ်းကြောက်မိလို့ပါ
နောက်တစ်ယောက်ဆိုတာရှိခဲ့ရင်တောင်
နင့်လောက်ဘယ်သူမှ မကောင်းနိုင်ဘူး
ဒါကြောင့်
သူငယ်ချင်းရယ်
နားလည်မှုလေးတွေနဲ့ပဲ
နင်နဲ့ငါ လွဲနေရအုံးမယ်၊
Wednesday, August 6, 2008
ဆုံမှတ်မရှိတဲ့ ချစ်ခြင်း
Posted by
ယောဖြူ
at
Wednesday, August 06, 2008
0
comments
Labels: ကဗျာ
Thursday, July 24, 2008
တေလေ
အမေမရှိတော့တဲ့
ကျွန်တော့်ရဲ့ ဇာတိမြို့ ကလေးမှာ
ကျွန်တော်ဟာ အိုးနင်းခွက်နင်း
ဘယ်အရာကိုမှ ပီပြင်နိုင်နင်းခြင်းမရှိ
ရင်ထဲက ကသိကအောက်ဖြစ်မှုတွေကို
ညှိနှိုင်းရင်း..................
ဖုံးကွယ်ရင်း................
ဟန်ဆောင်ပြုံးတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ရက်တွေက....များပြီ
ဆိုးဝါးတဲ့အသိဥာဏ်တွေနဲ့
ရိုးသားတဲ့ အဘိဓာန်ကို
ချေဖျက်ဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်
အမေမရှိတော့တဲ့အချိန်မှာပေါ့
ကျွန်တော်ဟာတေလေတစ်ကောင်အဖြစ်
ကျန်နေရစ်ခဲ့ပြီ
တေလေတစ်ကောင်အဖြစ်....
ကျန်နေရစ်ခဲ့ပြီ။
Posted by
ယောဖြူ
at
Thursday, July 24, 2008
0
comments
Labels: ကဗျာ
Saturday, July 12, 2008
ခွင့်ပြုပါ
သင်္ကြန်အတက်နေ့
တိုက်ဆိုင်လွန်းတယ်
မထင်မှတ်ဘဲ
ဖြတ်သန်းလာခဲ့ရတဲ့နေရာက
နင် ၄နှစ်တာကျင်လည်ခဲ့တယ်ဆိုတဲ့
အသိနဲ့တင်
ငါ့ ရင်တွေခုန်လာတယ်
တစ်ခါတွဲလျှောက်ခဲ့ဖူးတာက
တသက်စာဖြစ်သွားခဲ့ပြီလား
အာကြီး အသင်းကိုကြိုက်တတ်တဲ့ နင့်ကို
ဘော့လုံးပွဲကြည့်တိုင်း သတိရတယ်
Keyboard ပေါ်မှာလက်ချောင်းတွေတင်ပြီး
စကားလုံးတွေကို ပထမဆုံး ဖန်တီးတတ်ခဲ့စဉ်က
ငါ ရိုက်မိတဲ့စာလုံးတွေက
နင့် နာမည်သုံးလုံးဖြစ်နေခဲ့တာပါပဲ
Express ကားတစ်စင်းနဲ့ အမည်နဲ့တူတဲ့
နင့်နာမည်ကို ငါဘယ်တော့မှ
မေ့မရသေးဘူး
အညာမြေတစ်နေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
ငါကျေနပ်နေပါပြီ
နင်ရေးပေးခဲ့ဖူးတဲ့
ကဗျာတွေထဲကလို
ကောင်မလေးကိုတွေ့ နေပြီလား
စံပါယ်ရနံ့တွေသင်းနေတဲ့
နင့်ကဗျာလေးတွေနဲ့
ခွဲခွါခဲ့ရတာလည်းကြာပြီ
အချိန်တွေကြာလာတာနဲ့အမျှ
ခံစားမှုတွေက ပြောင်းသွားမယ်လို့
နင်ထင်လား
အစားထိုးကြည့်တာတောင်မရတဲ့
ငါ့နှလုံးသားရဲ့  နက်ရှိုင်းမှုကို
၅ နှစ်တာ ပတ်သက်ခဲ့ဖူးတဲ့
သံယောဇဉ်နဲ့ တင်
နင်ပြန်လှည့်ကြည့်သင့်တယ်
ဖုန်းထဲကနေဂရုစိုက်ပြတတ်တဲ့
ငါ့ရဲ့  အိပ်မက်ကလေးရေ
နွေ မိုး ဆောင်း
ပြောင်းလဲပေမဲ့
အိပ်မက်တစ်ခုတည်းကိုပဲ
တစ်စိုက်မတ်မတ်မက်တတ်တဲ့
ငါ့ကို
နိုးထခွင့်ပြုပါတော့။
Posted by
ယောဖြူ
at
Saturday, July 12, 2008
0
comments
Labels: ကဗျာ
မှားယွင်းသွားသောသီအိုရီ
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
နယူတန်ရဲ့  "နိယာမ"
မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့
ဗုဒ္ဓတရား
မင်းနဲ့တွေ့မှ
အားလုံးမှားပြီပေါ့
မျှော်လင့်ချက်တွေ ပေးပေးပြီး
ဝေးခဲ့ရတဲ့ အဖြစ်
ဘကြီးအောင်လို ညာရက်ခဲ့တယ်။
Posted by
ယောဖြူ
at
Saturday, July 12, 2008
0
comments
Labels: ကဗျာ
ရင်ဖွင့်ဖော်
မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။
Posted by
ယောဖြူ
at
Saturday, July 12, 2008
0
comments
Labels: ကဗျာ
Thursday, June 5, 2008
ရင်ကွဲတေး
Posted by
ယောဖြူ
at
Thursday, June 05, 2008
1 comments
Labels: ကဗျာ
နှင်းဆီရှိုက်သံ
ငါဟာ ပွင့်ခြင်းနဲ့ မပွင့်ခြင်းကြားမှာ
တွေဝေစွာ ရပ်နေဆဲ
ဆတ်ကနဲခူးဆွတ်မှုကို ခံခဲ့ရ
အငြိုးတကြီးနဲ့
ပြန်လည်ထိုးခဲ့တဲ့ ထိုးစစ်က
ငါကိုယ်တိုင် သွေးဆုတ်ဖြူရော်သွားတဲ့အထိ
ကမ္ဘာမြေကြီးရဲ့ အစွန်းတစ်ဖက်မှာ
ကျလုဆဲဆဲ ငါ့ခန္ဓာ
ခရေကို သတိရလိုက်မှ
အိုး.....နောင်တတွေနှောင်းခဲ့ပေါ့ ။
ကြွေကျနေတဲ့ မျက်ရည်ပွင့်ဖတ်တွေကြားထဲက
ဝတ်မှုံတစ်ခုရဲ့
နှင်းဆီရှိုက်သံရင်ကွဲတေး
ခပ်ဆွေးဆွေးလေးကို
ငါ့ကိုယ်ငါ ပြန်ကြားလိုက်ရတယ်
Posted by
ယောဖြူ
at
Thursday, June 05, 2008
0
comments
Labels: ကဗျာ
ငွေ
အိပ်မက်နိဒါန်း . . . . .
ဘာပဲဖြစ်ဖြစ် တကယ်တော့
ဟောဒီလောကကြီးမှာ
ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို
ငွေကြေးနဲ့ ပိုင်းဖြတ်သွားတာချည်းပါပဲ
ဇာတ်လမ်းအလယ် . . . . .
တစ်ခါတစ်ရံ
ရင်ဖွင့်ပေါင်းသင်း
အရင်းနှီးဆုံးဆိုတဲ့
သူငယ်ချင်း ချင်းတောင်မှ
ငွေဆိုတဲ့ စက္ကူပါးပါးလေးတွေက
အစိမ်းရောင်မုန်တိုင်းတွေကို
မွေဖွားဖန်တီးပေးတတ်ရဲ့
ရင်ကွဲတေးအဆုံး. . . . .
နှလုံးသားလည်း ပဲ့ကြွေနာကျည်း
အထီးကျန်
မူမမှန်ချင်တော့ဘူး
ငွေ ဆိုတာ
ရူးသွပ်သွားအောင်လည်း လုပ်တတ်တယ်. . . . .။
Posted by
ယောဖြူ
at
Thursday, June 05, 2008
0
comments
Labels: ကဗျာ
ရင်ဘတ်ထဲက အဖိတ်အစင်ဝါကျများ
ဘဝက
မွေးဖွားလာကတည်းက
ငိုကြွေးခြင်းနဲ့ စခဲ့တာဆိုတော့
တစ်ခါတစ်ခါ နေပူချင်ပူမယ်
မိုးရွာချင်ရွာမယ်
ငါ့ရဲ့ တခဏတာစိတ်လွတ်လပ်မှု
တစ်ဘဝစာ ထွက်ပေါက်ရှာမှု
အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး
အပြီးစလွယ် ကံကြမ္မာတစ်ခုကို
ဖန်တီးရယူလိုမှု အတွက်နဲ့တော့
အမေ့ရဲ့ တစ်သက်စာအပြုံးကို
ငါ့ရဲ့နောက်ဆုံးအချိန်အထိ ဖန်တီးပေးဖို့
ရင်ဘတ်တစ်ခုလုံးနဲ့ ထွန်းညှိခဲ့မယ်
နှစ်ပေါင်း ၂၀ ကျော် ကျွေးမွေးပြုစုလာခဲ့တဲ့
ကျေးဇူးတရားတွေအတွက်
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ
သင်ကြားခဲ့ရတဲ့ အတန်းပညာတွေက
အမှန်တရားကိုတောင်
ပြောခွင့်မရှိတော့ဘူးတဲ့လား
သည်းခံနိုင်စွမ်းဟာ
အရာရာကို အောင်နိုင်တယ်
ကိုယ့်ကိုကိုယ် ပြန်ဆုံးမပြီး
ဟန်ဆောင်ဘဝနဲ့ ကိုယ့်အဖြစ်က အုံ့ပျက်ပျက်
စိတ်ညစ်တိုင်း ကျခဲ့ရတဲ့မျက်ရည်စက်တွေက
လုံးဝကုန်ခမ်းသွားတော့မဲ့အထိ
အရောင်ဆိုးခံခဲ့ရတဲ့
ဖြူလွှလွှနှလုံးသားက
ငယ်မှတ်မှတ်သွားတာတော့
ငါလည်း မတတ်နိုင်ဘူး
နာကြည်းမှုတွေကိုမြိုသိပ်
ပိတ်နေတဲ့အခန်းတံခါးတွေပြန်ဖွင့်
မိန်းကလေးတစ်ယောက်နဲ့
လုံးဝ လုံးဝ မစပ်ဆိုင်တဲ့
အတွေးဆိုး အတွေးညစ်တွေကိုဖယ်ထုတ်
အဝေးကို ထွက်ပြေးချင်နေတဲ့
ခရီးဆောင်ကျောပိုးအိတ်ကလေးရေ
ခြေလှမ်းတွေကို ပြန်သိမ်းခေါက်လို့
ငါ့ရဲ့မိုက်ရူးရဲဆန်တတ်တဲ့
ဂျစ်ကန်ကန် စိတ်ဓါတ်တွေအတွက်
ရေချိုးသန့်စင်လိုက်ကြရအောင်.........
Posted by
ယောဖြူ
at
Thursday, June 05, 2008
1 comments
Labels: ကဗျာ
Saturday, May 31, 2008
ပေးသနားပါ
ငါ၏ စစ်မှန်သော ချစ်ခြင်းတရားအတွက်
အထီးကျန်ညတွေ ဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အိပ်ပျက်ညတွေဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အထိအတွေ့ မဲ့ ချစ်ခြင်းတွေ
ခိုင်မြဲ ဖို့ သစ္စာတရား
ပေးသနားပါ
မျှော်လင့်ခြင်းတွေ
ပြည့်ဝလာစေမဲ့  အလင်းများ
ပေးသနားပါ
အလွမ်းတွေ ကြံ့ ကြံ့ ခံနိုင်ဖို့ အင်အား
ပေးသနားပါ
အလွမ်းအဆွေးတွေကြား
အထီးကျန်ခံစား
တမ်းတမျှော်လင့်ခြင်းများစွာအတွက်
ဆုံဆည်းနိုင်ဖို့ အခွင့်အလမ်းများ
ပေးသနားပါ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
0
comments
Labels: ကဗျာ
မင်းမရှိတဲ့နောက်
သူငယ်ချင်း........
စကားသုံးလုံးရဲ့ အတွင်းမှာ
ဖြူစင်တဲ့  ချစ်ခြင်းတွေပါတယ်
ဖြတ်လို့ မရတဲ့  သံယောဇဉ်တွေပါတယ်
ပြောပြလို့ မရနိုင်တဲ့  နားလည်မှုတွေပါတယ်
သူငယ်ချင်း.......
တစ်ယောက်တစ်နယ်မှာ ဝေးကွာနေလည်း
ဘယ်လောက်ဝေးဝေး
နှလုံးသွေးနဲ့  သက်သေတည်မယ်
နှလုံးသားက ခံစားမှတ်မိ
ဖြူစင်မှု အပြည်နဲ့  သူငယ်ချင်း
နှလုံးသားချင်းဆက်ထားမယ်
ဘာဘဲဖြစ်ဖြစ် သူငယ်ချင်း.......
ဟောဒီကမ္ဘာမြေမှာ
မင်းသာမရှိခဲ့ ရင်
ငါ့ ဘ၀ကတော့
ရှင်လျက်နဲ့ သေနေခြင်း ။
“နရီသစ်” ဆိုတဲ့ မဂ္ဂဇင်းလေးမှာထည့်သွင်းဖော်ပြခံရဖူးပါတယ် ။ ဒါပေမဲ့ အဲဒီမဂ္ဂဇင်းက အောင်မြင်မှုမရလိုက် ပါဘူး။ အခု youth ဆိုတဲ့မဂ္ဂဇင်းက အဲဒီ နရီသစ်နာမည်နဲ့ အရင်ကလုပ်ခဲ့တဲ့မဂ္ဂဇင်းလေးပါ။ ဆရာကောင်းသန့်  စီစဉ် ထုတ်ဝေခဲ့ တာပါ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
1 comments
Labels: ကဗျာ
ဂျက်ပစီတစ်ယောက်ရဲ့ အတွေး
အမေရယ်--
ငွေမရှိတဲ့  သမီးရဲ့ ဘ၀က
ကားလမ်းနံဘေးက အစွန့် ပစ်ခံ ရေသန့် ဗူးခွံလို
အသုံးပြုပြီးသား တစ်ရှူးတစ်ရွက်လို
နှိမ်နှိမ်ချချဆက်ဆံချင်ကြရဲ့ 
ငွေရှိလူတန်းစားတွေကပေါ့ လေ
နာကြည်းချက်တွေ မုန်းတီးချက်တွေ
ရောပြွမ်းနေတဲ့ 
အနှိမ်ခံဘ၀ရဲ့  သမီးငယ် တစ်ယောက်ဟာ
ဘယ်လောက်အထိများ
ဘ၀ရဲ့ ခါးသီးမှုဒါဏ်ကို
ခါးစည်းခံနေရအုံးမှာလဲ
ဂျက်ပစီမိုးတိမ်တဲ့ 
ပြောချင်လည်းပြောကြပါစေ အမေရယ်
မိုးတိမ်တစ်ခုလို တည်ငြိမ်မှုမရှိတဲ့ 
သမီးရဲ့ ဘ၀မှာ
မိုးတိမ်လို လွင့်မြောနေပေမဲ့ 
မိုးတိမ်လို အမြင့်မှာနေရအောင်
သမီး ကြံဆောင်မှာပါအမေ
တစ်နေ့ နေ့ ကျရင်ပေါ့ 
အဲဒီ ခပ်ပါးပါး စက္ကူရွက်တွေနဲ့ 
လူတွေကို လွှမ်းမိုးပစ်နိုင်ဖို့ ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
0
comments
Labels: ကဗျာ
Friday, May 30, 2008
သဇင်လမ်း
ဖုန်ထူထူမြေနီလမ်းလေးတစ်ခု
အမှောင်ထုကိုအံတုရင်း
အလင်းပျပျနဲ့ သဇင်ညကို
ဝိုးတ၀ါးလျှောက်လှမ်း
ဒီလမ်းမှာ---
လမ်းမီးတိုင်မရှိဘူး
ပလက်ဖောင်းမရှိဘူး
ပလီပလာချစ်တင်းနှောရင်း
တီတီတာတာရယ်သံများ
ကြားနေရတယ်
နှစ်ကိုယ်တူကြည်နူးနေကြ
ချစ်သူစုံတွဲများ
တွေ့ မြင်ခဲ့ ရသည်လမ်းမကို
“ချစ်သူ့ လမ်းကြား”
ပညတ်ထားပေးလိုက်တယ်
အားကျမိတာလား
သတိရမိတာလား
ဝေေ၀၀ါးဝါးအတွေးတွေနဲ့ 
ဒါပေမဲ့ လေ----------
နွေရာသီရဲ့  ခြောက်သွေ့ နေ့ တွေမှာ
တစ်ကိုယ်တော်လျှောက်လှမ်း
အဲဒီချစ်သူ့ လမ်းမှာပေါ့ 
အလွမ်းတွေ တပွေ့ တပိုက်နဲ့ 
ငါ ငိုရှိုက်ခဲ့ ရဖူးတယ်။
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
အဝေးချစ်
အလွမ်းနေ့ ရက်
လှမ်းတွေ့ ခက်ခဲ (လည်း)
မှန်းဆပုံဖော်
တမ်းတမျှော်သည်
ချစ်သူဆီသို့ --
တစ်နယ်အဝေးမှ
နာကျင်နေသော နှလုံးသားနဲ့ --
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
ကဗျာဆရာ
ကဗျာဆရာဆိုတာ
အထီးကျန်ဝေဒနာ
တစ်ပွေ့ တစ်ပိုက်နဲ့ 
ဘ၀ကိုစိတ်ကြိုက်ဖြတ်သန်းချင်တဲ့ လူသား
အတွေးမှားနေတဲ့ ဘေးစကားကိုမယုံ
မှန်တယ်ထင်ရင်ဇွတ်လုပ်တတ်တဲ့ လူသား
အရောအနှောကင်းကင်းနဲ့ 
အခန်းကျဉ်းလေးထဲမှာပဲ
သီးသန့် ကမ္ဘာကိုတည်ဆောက်
ဘာကိုမှမကြောက်တတ်တဲ့ လူသား
ဘာအကြောင်းကြောင့်မှ
ခံယူချက်မပြောင်း
အတိမ်းအစောင်းမခံ
အမှန်တရားအတွက်
ယုံကြည်ချက်နဲ့ အသက်ဆက်တဲ့ လူသား
Plane တစ်ခွက်ကို အဖော်ပြု
အရာရာကို အံတုရင်ဆိုင်ရင်း
ကဗျာမဆန်တဲ့ လူသား
ကဗျာရေးတာမှားသလား
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
ပေးလှည့်ပါ
အိပ်စက်ခြင်းရယ်.........
ညရယ်..........
ကျွန်တော်ရယ်..........
လမ်းခွဲခဲ့ ကြတာကြာပြီ
ပုခက်လွှဲတဲ့ လက်ရဲ့ အုပ်စိုးမှုတွေ
ကျွန်တော့် ရဲ့ ကမ္ဘာမှာ
မရှိတော့တဲ့ အချိန်ကစလို့ ပေါ့ 
အထီးကျန်ဆန်တဲ့ ........
အတွေးတွေ အတွေးတွေ
ရူးသွားနိုင်တယ်
တကယ် တကယ်ပါပဲ
ထိန်းချုပ်ထားနိုင်လို့ 
ကျွန်တော်ဟာလေ
ခံစားချက်တွေနဲ့ 
ဆွံ့ အသွားခဲ့ ရပြီ
မေမေရယ်..........
ကျွန်တော့်ကို ခွန်အားတွေပေးလှည့်ပါ
ဟောဒီလောကကြီးမှာ ဆက်လက်ရပ်တည်နေနိုင်ဖို့ 
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
တစ်သက်စာအပြုံး
မေမေရေ--
မေမေမရှိကတည်းက
“မိုးပြို တဲ့ ညတွေ ”
အမှောင်အားကောင်းတဲ့ 
“ လမိုက်ညတွေ ”
ကြယ်ရောင်မဲ့ တဲ့ 
“ အလင်းပျောက်ညတွေ ”
လရောင်ဝေးတဲ့ 
“ ညမှောင်မှောင်လေးတွေ ”
ဒါပေမဲ့ ------
နှလုံးသားမှာ မမြဲ ရှင်သန်နေတဲ့ 
မေမေ့ ရဲ့ အပြုံးတွေနဲ့ ပဲ
ဘ၀ကို ရင်ဆိုင်ရုန်းကန်ရဲတဲ့ သတ္တိတွေ
အလိုအလျှောက်
ပေါ်ပေါက်ရရှိလာခဲ့ ပါတယ်
မေမေရယ်--------။
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
ကြေးမုံတစ်ချပ်ရဲ့ မြင်ကွင်း
“ယော” ဆိုတာ
“ရိုးသားခြင်း” လို့ အဓိပ္မါယ်ရတယ် သူငယ်ချင်း
ဖြူစင်မှုတွေ ပြည့်နှက်နေတဲ့ 
ငါတို့ ရဲ့ ယောမြေအလှပေါ်ကို
ဘယ်သူတွေ အမည်းစက်ချခဲ့ သလဲ
ရှေးရိုးဆန်အယူသည်း(သည်း)တဲ့  ရှေးလူကြီးတွေလား
မစူးစမ်းမဆင်ခြင်ဘဲ ယုံလွယ်တတ်တဲ့  ခေတ်လူငယ်တွေလား
ယောနယ်အကြောင်းကောင်းကောင်းမသိဘဲ
ဂျောက်ချရေးခဲ့ ကြတဲ့ 
စာရေးဆရာ မဟုတ်သော စာရေးဆရာတွေကြောင့်လား
ငါတို့ ရဲ့ ယောမြေကို
နာမည်ဆိုးတွေနဲ့ ဘဲမြင်သိခဲ့ ကြတယ်
ပုံတောင်ပုံညာကိုကျော်ဖြတ်
ယောနယ်စပ်ကိုရောက်ပြီဆိုကတည်းက
ယောရဲ့ ဖြူစင်ခြင်းတွေကို
ဘယ်သူပစ်ခွင်းမလဲ
ဖြူစင်ရိုးသားမှုသာမရှိခဲ့ ရင်
“ရိုးသားခြင်း”ဆိုတဲ့ စကားလုံးကို
ဘယ်သူတွေ စသုံးခဲ့ ကြမှာလဲ
“ရိုးသားခြင်း” ဘွဲ့ တံဆိပ်
ဘယ်သူခပ်နှိပ်ခဲ့ မှာလဲ
တစ်ခေါက်တစ်ခါလောက်
အရောက်လာခဲ့ပါသူငယ်ချင်း
ယောနယ်ကိုရောက်ပြီဆိုကာမှ
မင်းရဲ့ အမြင်တွေရှင်းပြီး
ငါတို့ ယောမြေရဲ့ စိတ်အလှကို
မင်းအံ့သြရလိမ့်မယ်
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
Saturday, October 13, 2007
E - Lover
memory stick ထဲမှာသာ
virus ကင်းကင်းနဲ့ သိမ်းဆည်းထားလို့ ရမယ်ဆိုရင်
connection မကောင်းလည်း
ကိုယ်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး။
email တွေ အကြိမ်ကြိမ်ပို့ ပေမဲ့
ဖွင့်ဖတ်ချိန် မရတဲ့ငါ့နှလုံးသားအတွက်
password အမှားတွေ ရိုက်သွင်းမိတာကလွဲပြီး.....
password ပြောင်းလည်း
အဲ့ဒီ account အဟောင်းကြီးနဲ့ ပဲ
chat ဖို့ ကြိုးစားရင်း
virus ထိသွားတဲ့ ငါ့နှလုံးသားကို
desktop ပေါ်မှာ တင်ထားခဲ့မယ်။
sing out လုပ်ခံလိုက်ရတဲ့
မျှော်လင့်ချက်တွေကို
g-talk ဖွင့်ရင်းစောင့်နေမယ်။
Posted by
ယောဖြူ
at
Saturday, October 13, 2007
2
comments
Labels: ကဗျာ
Friday, October 12, 2007
ကျောပိုးအိတ်
တစ်ခါတစ်ခါ ပျော်ရွှင်မှုတွေ
စိတ်ပျက်ပျက်နဲ့
သူ့အပေါ် ခေါင်းအုံးအိပ်ခဲ့ရပေါင်းလည်း
စိတ်ညစ်ညစ်နဲ့
သူဟာ ....
Posted by
ယောဖြူ
at
Friday, October 12, 2007
2
comments
Labels: ကဗျာ






