Saturday, October 13, 2007

E - Lover

မင်းရဲ့ အချစ်တွေကို
memory stick ထဲမှာသာ
virus ကင်းကင်းနဲ့ သိမ်းဆည်းထားလို့ ရမယ်ဆိုရင်
connection မကောင်းလည်း
ကိုယ်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး။

email တွေ အကြိမ်ကြိမ်ပို့ ပေမဲ့
ဖွင့်ဖတ်ချိန် မရတဲ့ငါ့နှလုံးသားအတွက်
password အမှားတွေ ရိုက်သွင်းမိတာကလွဲပြီး.....
connection down
password ပြောင်းလည်း
အဲ့ဒီ account အဟောင်းကြီးနဲ့ ပဲ
chat ဖို့ ကြိုးစားရင်း
virus ထိသွားတဲ့ ငါ့နှလုံးသားကို
desktop ပေါ်မှာ တင်ထားခဲ့မယ်။

sing out လုပ်ခံလိုက်ရတဲ့
မျှော်လင့်ချက်တွေကို
g-talk ဖွင့်ရင်းစောင့်နေမယ်။

2 comments:

strawberry said...

အရမ်းကောင်းတယ်။ နေနီ ရေးထားသလိုဘဲ။
့heart ထိတယ်။

phyo su said...

နေနီ
နင့် blog က အရမ်းမိုက်တယ်...
အောင်မြင်ပါစေ .. သူငယ်ချင်းလေးရယ်..