Friday, October 12, 2007

ကျောပိုးအိတ်

အဝတ်သုံးစုံလောက်ဆံ့တယ်
တစ်ခါတစ်ခါ ပျော်ရွှင်မှုတွေ
တစ်ခါတစ်ခါ ဝမ်းနည်းမှုတွေ
ပြည့်သိပ်ထည့်လွယ်

စိတ်ပျက်ပျက်နဲ့
သူ့အပေါ် ခေါင်းအုံးအိပ်ခဲ့ရပေါင်းလည်း
များပြီ

စိတ်ညစ်ညစ်နဲ့
လွယ်ကာသွားလည်း
အားကိုးစရာ တစ်ခုလို
ကျောပေါ်မှာ မားမားမတ်မတ်
ရပ်တည်ခဲ့
နားခိုစရာ ရင်ခွင်ပျောက်နေတဲ့
လမ်းပေါ်က တေလေတစ်ယောက်အတွက်
သူဟာ ....
သူငယ်ချင်းကောင်း ပီသနေခဲ့ ။

2 comments:

phyo su said...

hi..Nay Ni ngar akhu thin tan mar..
nin blog ka mite tae..
ကျိုက်ထီးရိုးသွားတာ ငါ့အတွက် ဘာပါလဲ..
ပျင်းဖို့ကောင်းတယ် သိလား.. ဒီမှာဘယ်သူမှမရှိဘူး..
ကိုသက်နိုင်ဦးရော .. ဗိုလ်ကြီးဝေမျိုးဟန်ရော ..
၂ ယောက်လုံး ၁ပတ်လောက်ကြာမယ်တဲ့....

phyo su said...

hi..Nay Ni ngar akhu thin tan mar..
nin blog ka mite tae..
ကျိုက်ထီးရိုးသွားတာ ငါ့အတွက် ဘာပါလဲ..
ပျင်းဖို့ကောင်းတယ် သိလား.. ဒီမှာဘယ်သူမှမရှိဘူး..
ကိုသက်နိုင်ဦးရော .. ဗိုလ်ကြီးဝေမျိုးဟန်ရော ..
၂ ယောက်လုံး ၁ပတ်လောက်ကြာမယ်တဲ့....