Tuesday, February 17, 2009

နင်သိရဲ့လား

နင်သိရဲ့ လား...........................

အရာရာကိုဦးနှောက်နဲ့ ဆုံးဖြတ်

ဖြစ်သင့်တာကိုပဲလုပ်တတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်နဲ့ 

တားထားတဲ့စည်းတွေကိုချိုးဖောက်

ရူးမလောက်ခံစားနေရတယ်ဆိုတာ


နင်သိရဲ့လား............................

ဝေဒနာတွေကိုမလိုချင်လို့ 

ရှောင်ပြေးတတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်နဲ့ 

ချိုမြိန်ဒုက္ခတွေကိုမှ

တကူးတကစိုက်ပျိုးနေတတ်ပြီဆိုတာ


နင်သိရဲ့ လား...........................

ဟန်ဆောင်မှုကင်း

လွတ်လပ်ပွင့်လင်းစွာနေတတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့  ရင်ထဲမှာ

နင့်အတွက်နဲ့ 

မွန်းကြပ်မြိုသိပ်

တိတ်တဆိတ်ကြေကွဲ

အလူးအလဲခံစားနေရတယ်ဆိုတာ


နင်သိရဲ့ လား......................

မာနသံနှော အပြောကြီးတဲ့ 

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်

စစ်မှန်တဲ့ ချစ်ခြင်းတရားတွေရှိတယ်ဆိုတာ

No comments: