ငါ၏ စစ်မှန်သော ချစ်ခြင်းတရားအတွက်
အထီးကျန်ညတွေ ဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အိပ်ပျက်ညတွေဖြတ်သန်းဖို့ အင်အား
ပေးသနားပါ
အထိအတွေ့ မဲ့ ချစ်ခြင်းတွေ
ခိုင်မြဲ ဖို့ သစ္စာတရား
ပေးသနားပါ
မျှော်လင့်ခြင်းတွေ
ပြည့်ဝလာစေမဲ့  အလင်းများ
ပေးသနားပါ
အလွမ်းတွေ ကြံ့ ကြံ့ ခံနိုင်ဖို့ အင်အား
ပေးသနားပါ
အလွမ်းအဆွေးတွေကြား
အထီးကျန်ခံစား
တမ်းတမျှော်လင့်ခြင်းများစွာအတွက်
ဆုံဆည်းနိုင်ဖို့ အခွင့်အလမ်းများ
ပေးသနားပါ။
Saturday, May 31, 2008
ပေးသနားပါ
Posted by
ယောဖြူ
at
Saturday, May 31, 2008
0
comments
Labels: ကဗျာ
ကြိုက်မိတဲ့ စကားလေးတစ်ခွန်း
“နတ္ထိလောကေ အနိန္ဒိတော”
လောကေ လောက
အနိန္ဒိတော အကဲ့ ရဲ့ ခံရလွတ်သူသည်
နတ္ထိ မရှိ
လောကမှာ အကဲ့ ရဲ့ ခံရလွတ်သူသည်မရှိ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
1 comments
မင်းမရှိတဲ့နောက်
သူငယ်ချင်း........
စကားသုံးလုံးရဲ့ အတွင်းမှာ
ဖြူစင်တဲ့  ချစ်ခြင်းတွေပါတယ်
ဖြတ်လို့ မရတဲ့  သံယောဇဉ်တွေပါတယ်
ပြောပြလို့ မရနိုင်တဲ့  နားလည်မှုတွေပါတယ်
သူငယ်ချင်း.......
တစ်ယောက်တစ်နယ်မှာ ဝေးကွာနေလည်း
ဘယ်လောက်ဝေးဝေး
နှလုံးသွေးနဲ့  သက်သေတည်မယ်
နှလုံးသားက ခံစားမှတ်မိ
ဖြူစင်မှု အပြည်နဲ့  သူငယ်ချင်း
နှလုံးသားချင်းဆက်ထားမယ်
ဘာဘဲဖြစ်ဖြစ် သူငယ်ချင်း.......
ဟောဒီကမ္ဘာမြေမှာ
မင်းသာမရှိခဲ့ ရင်
ငါ့ ဘ၀ကတော့
ရှင်လျက်နဲ့ သေနေခြင်း ။
“နရီသစ်” ဆိုတဲ့ မဂ္ဂဇင်းလေးမှာထည့်သွင်းဖော်ပြခံရဖူးပါတယ် ။ ဒါပေမဲ့ အဲဒီမဂ္ဂဇင်းက အောင်မြင်မှုမရလိုက် ပါဘူး။ အခု youth ဆိုတဲ့မဂ္ဂဇင်းက အဲဒီ နရီသစ်နာမည်နဲ့ အရင်ကလုပ်ခဲ့တဲ့မဂ္ဂဇင်းလေးပါ။ ဆရာကောင်းသန့်  စီစဉ် ထုတ်ဝေခဲ့ တာပါ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
1 comments
Labels: ကဗျာ
ဂျက်ပစီတစ်ယောက်ရဲ့ အတွေး
အမေရယ်--
ငွေမရှိတဲ့  သမီးရဲ့ ဘ၀က
ကားလမ်းနံဘေးက အစွန့် ပစ်ခံ ရေသန့် ဗူးခွံလို
အသုံးပြုပြီးသား တစ်ရှူးတစ်ရွက်လို
နှိမ်နှိမ်ချချဆက်ဆံချင်ကြရဲ့ 
ငွေရှိလူတန်းစားတွေကပေါ့ လေ
နာကြည်းချက်တွေ မုန်းတီးချက်တွေ
ရောပြွမ်းနေတဲ့ 
အနှိမ်ခံဘ၀ရဲ့  သမီးငယ် တစ်ယောက်ဟာ
ဘယ်လောက်အထိများ
ဘ၀ရဲ့ ခါးသီးမှုဒါဏ်ကို
ခါးစည်းခံနေရအုံးမှာလဲ
ဂျက်ပစီမိုးတိမ်တဲ့ 
ပြောချင်လည်းပြောကြပါစေ အမေရယ်
မိုးတိမ်တစ်ခုလို တည်ငြိမ်မှုမရှိတဲ့ 
သမီးရဲ့ ဘ၀မှာ
မိုးတိမ်လို လွင့်မြောနေပေမဲ့ 
မိုးတိမ်လို အမြင့်မှာနေရအောင်
သမီး ကြံဆောင်မှာပါအမေ
တစ်နေ့ နေ့ ကျရင်ပေါ့ 
အဲဒီ ခပ်ပါးပါး စက္ကူရွက်တွေနဲ့ 
လူတွေကို လွှမ်းမိုးပစ်နိုင်ဖို့ ။
Posted by
ယောဖြူ
at
Saturday, May 31, 2008
0
comments
Labels: ကဗျာ
ဖြစ်ချင်တာ ဖြစ်သင့်တာ ဖြစ်နေတာ တွေနဲ့  “ငါ” (သို့ ) အိပ်မက်သေ
တစ်ခြားမှာထွက်ပြီး လုပ်ရအောင်ကလည်း ငါ့လက်ထဲမှာ ငွေမရှိဘူး၊ နင်ကရော ဒီအလုပ်မှာ နေတော့မှာလား ငါတို့ တွေ တစ်ခုခုတော့သေချာပေါက် လုပ်ရတော့မယ်၊ သြော်...ဘ၀က ကျောင်းသင်ခန်းစာတွေထဲမှာ မသင် ခဲ့ ရဖူးတဲ့ သင်ခန်းစာအသစ်တွေနဲ့ပဲ ငြိငြိနေတယ်...ကြမ်းတယ်ဆိုတာထက် လမ်းပျောက်နေတဲ့  အပေအတေ လေး တစ်ယောက်ဖြစ်နေပြီလို့  ငါ့ကိုယ်ငါ သုံးသပ်မိတယ်၊ ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာ စကားလုံး လှလှတွေတောင် ငါ့ရင်ထဲက ထွက်မလာနိုင်တော့ဘူး။
စိတ်ပျက်အားငယ်သော အတွေးများနှင့် နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော ခံစားချက်များဖြင့်သာ ရေးဖွဲ့ပါ သည်။ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုသော သဘောထားမှမရှိပါ။ တိုက်ဆိုင်မှုရှိက ထိုသူကိုသာ ရည်ညွှန်းပါ သည်။ :P
Posted by
ယောဖြူ
at
Saturday, May 31, 2008
0
comments
Friday, May 30, 2008
မြို့ကလေး---------သို့ 
ပကာသနမဖက်တဲ့ သဘာဝအလှစစ်တွေနဲ့  တည်ရှိနေတဲ့ မြို့ ကလေးရေ............ ကံစမ်းမဲခြစ်ရတာ ထက်တောင်ပိုပြီးတော့ေ၀၀ါးသေးတဲ့ငါ့ကံကြမ္မာကအဝေးရောက်သူငယ်ချင်းတွေကို အားကျတမ်းတ လွမ်းဆွတ် သတိရနေရုံကလွဲပြီး ဘာလုပ်လို့ရမှာတဲ့လဲ....ငါမှတ်မိသလောက် ငါ့ဘက်ကနေတစ်ခါမှ ရပ်တည်မှုမရှိတဲ့  ငါ့ရဲ့ ကံကြမ္မာကိုလည်း အပြစ်မဆိုချင်ပါဘူးလေ..ဒါပေမဲ့ သေချာတာကတော့ မြို့ကလေးရေ ငါဟာ မျှော်လင့် ချက်မထားဘဲ ယုံကြည်ချက်ထားတတ်တဲ့လူစားပါ ။ငါ့ဆန္ဖတွေ တစ်နေ့နေ့ ပြည့်မယ်ဆိုတာကိုပေါ့ ......
ခင်းနေမယ့် ....... ယောဖြူ
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: စာတမ်းငယ်
သဇင်လမ်း
ဖုန်ထူထူမြေနီလမ်းလေးတစ်ခု
အမှောင်ထုကိုအံတုရင်း
အလင်းပျပျနဲ့ သဇင်ညကို
ဝိုးတ၀ါးလျှောက်လှမ်း
ဒီလမ်းမှာ---
လမ်းမီးတိုင်မရှိဘူး
ပလက်ဖောင်းမရှိဘူး
ပလီပလာချစ်တင်းနှောရင်း
တီတီတာတာရယ်သံများ
ကြားနေရတယ်
နှစ်ကိုယ်တူကြည်နူးနေကြ
ချစ်သူစုံတွဲများ
တွေ့ မြင်ခဲ့ ရသည်လမ်းမကို
“ချစ်သူ့ လမ်းကြား”
ပညတ်ထားပေးလိုက်တယ်
အားကျမိတာလား
သတိရမိတာလား
ဝေေ၀၀ါးဝါးအတွေးတွေနဲ့ 
ဒါပေမဲ့ လေ----------
နွေရာသီရဲ့  ခြောက်သွေ့ နေ့ တွေမှာ
တစ်ကိုယ်တော်လျှောက်လှမ်း
အဲဒီချစ်သူ့ လမ်းမှာပေါ့ 
အလွမ်းတွေ တပွေ့ တပိုက်နဲ့ 
ငါ ငိုရှိုက်ခဲ့ ရဖူးတယ်။
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ






