တစ်နေ့တစ်နေ့ နေ၀င်ချိန်တွေရောက်တိုင်း တွေးကြည့်မိတယ်။ ဘ၀ရဲ့နေ၀င်ချိန်ကရော ဘယ်တော့ရောက်လာ
မလဲရယ်လို့။ ကိုယ့်ဘာသာသုံးသပ်ကြည့်တယ် တစ်နေ့တာ ဘာတွေလုပ်ဖြစ်လဲလို့။ မှန်မှန်လိုင်းပေါ်တက်တယ်။
ပျင်းရင်ပြန်ဆင်းလာတယ်။အားရင်ဖိုရမ်တွေထဲ ၀င်ဝင်ကလိတယ်။ ပြီးရင် ဘလော့ကိုရေးချင်လာရင်ရေးတယ်။
အလုပ်ရှိရင်လုပ်လိုက်တယ်။ပြီးရင်ရုံးဆင်း။ မနက်မိုးလင်းရုံးလာ လက်ဖက်ရည်ဆိုင်ထိုင် ညနေရုံးဆင်းရင်မုန့်တီ
ဆိုင်ကိုသွား။ခုတလောတော့မိုးရွာလို့ဆိုင်တွေကမဖွင့်ဘူး။ဟူးးးးးးးးးး နဖူးပေါ်လက်တင်လို့ရတဲ့အချိန်မှာသေချာ
တွေးကြည့်မိတော့ တစ်နေ့တာအတွက် ငါဘာတွေလုပ်ပြီးပြီလဲ။ ဘာတွေတိုးတက်လာလဲ။အကြွေးစာရင်းတွေ လား။တစ်နေ့ထက်တစ်နေ့ လူမှုရေးတွေ များများလာခဲ့။ဇာတ်လမ်းတွဲတွေကြည့်လိုက် ဘောလုံးပွဲတွေထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ကုန်လာတယ်။ ဒါမဲ့ မိဝေးဖဝေးဆွေမျိုးတွေနဲ့ဝေးတဲ့နေရာမှာ (နိုင်ငံရပ်ခြားတော့ မဟုတ်ဘူး) နေရတော့ ဒါတွေကပဲ အပျင်းပြေလုပ်ရင်းကနေ ရင့်လာတဲ့အနေအထားကို ရောက်လာပြီလို့ထင် မိတယ်။ဒါကြောင့် ဘာလုပ်သင့်လဲ ဘာလုပ်ရမလဲ ။ လစာလေးထုတ်လိုက် ကုန်လိုက် မနည်းချာလည်လိုက်နေ ရတဲ့ဘ၀မှာ အသားကျနေပေမဲ့  ကြာတော့ ညည်းငွေ့လာပြီ။ဘယ်လိုနည်းမျိုးနဲ့ ရုန်းထွက်ချင်နေတာလဲတော့ မသိဘူး။ အဝေးဆုံးကို သာပြေးလိုက်ချင်တယ် ပုံမှန်လည်ပတ်မှုတွေနဲ့ ဝေးတဲ့နေရာတစ်ခုခုဆီကိုပေါ့။ အရမ်း ကြီးတိုးတက်ပြောင်းလဲချင်တာမဟုတ်ပေမဲ့  ဘ၀မှာသာမာန်နေထိုင်မှုမျိုးနဲ့ အချိန်ကုန်သွားရမယ်ဆိုရင်တော့ မကောင်းဘူးထင်တယ်။အေးအေးချမ်းချမ်းနေချင်တာနဲ့ ရောင့်ရဲတင်းတိမ်တာနဲ့က တူမယောင်နဲ့ မတူဘူး။ အင်း တစ်ခုခုတော့လုပ်သင့်နေတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိတာက လူတစ်ယောက်ရဲ့ အကြီးမားဆုံးအားနည်း ချက်ပဲ။ မသိတာက ခက်တယ်နော်။ရှိပြီးသားလမ်းကြောင်းမှာ လျှောက်ရတာကလွယ်ပေမဲ့ လမ်းသစ်ကိုရှာ တွေ့ဖို့ကမလွယ်ဘူး။တွေ့ခဲ့ရင်တောင် လူပြတ်တဲ့လမ်းဆိုပြီး မသွားရဲပဲနေမှာလား။ တစ်ယောက်တည်းသွားရဲ အောင် လုပ်ရမှာပေါ့။ တစ်ယောက်တည်းနေတတ်တဲ့  အကျင့်ကကောင်းတယ်လို့ ငါထင်တယ်။ဒါကြောင့် တစ်ယောက်တည်းပဲ နေတော့မယ်။

1 comment:
ယောဖြူရဲ့ နေ၀င်ချိန်အတွေးတွေက ဆုဝေတွေးတာနဲ့ တူနေပါတယ်။ နေ၀င်ချိန်ရောက်တိုင်း တစ်နေ့တာ ဘာတွေလုပ်ဖြစ်လဲ၊ ဘာတွေ ရလိုက်လဲလို့ ပြန်တွေးမိတယ်။ ပုံမှန်လှုပ်ရှားမှုတွေနဲ့ အသားကျနေတဲ့ဘ၀ကို တခါတရံ ငြီးငွေ့မိတာတော့ အမှန်ပါပဲ။ လောလောဆယ်တော့ လမ်းကြောင်းပြောင်းဖို့အတွက် အင်အားတွေ မွေးနေရတယ်။ တစ်ယောက်တည်းနေရတာ စိတ်ရှင်းလက်ရှင်းမို့ ကောင်းပေမယ့် တခါတလေတော့လဲ အားငယ်မိပါတယ်။
စာဖတ်ပြီး ပြောချင်တာလေးတွေ ပေါ်လာလို့ပါ။ နောက်လဲ စာလာဖတ်ပါဦးမယ်။ ဖြစ်နိုင်ရင် suthetlin@gmail.com ကို အက်ဒ်ပေးပါလား။
Post a Comment