မေမေရေ--
မေမေမရှိကတည်းက
“မိုးပြို တဲ့ ညတွေ ”
အမှောင်အားကောင်းတဲ့ 
“ လမိုက်ညတွေ ”
ကြယ်ရောင်မဲ့ တဲ့ 
“ အလင်းပျောက်ညတွေ ”
လရောင်ဝေးတဲ့ 
“ ညမှောင်မှောင်လေးတွေ ”
ဒါပေမဲ့ ------
နှလုံးသားမှာ မမြဲ ရှင်သန်နေတဲ့ 
မေမေ့ ရဲ့ အပြုံးတွေနဲ့ ပဲ
ဘ၀ကို ရင်ဆိုင်ရုန်းကန်ရဲတဲ့ သတ္တိတွေ
အလိုအလျှောက်
ပေါ်ပေါက်ရရှိလာခဲ့ ပါတယ်
မေမေရယ်--------။
Friday, May 30, 2008
တစ်သက်စာအပြုံး
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
ကြေးမုံတစ်ချပ်ရဲ့ မြင်ကွင်း
“ယော” ဆိုတာ
“ရိုးသားခြင်း” လို့ အဓိပ္မါယ်ရတယ် သူငယ်ချင်း
ဖြူစင်မှုတွေ ပြည့်နှက်နေတဲ့ 
ငါတို့ ရဲ့ ယောမြေအလှပေါ်ကို
ဘယ်သူတွေ အမည်းစက်ချခဲ့ သလဲ
ရှေးရိုးဆန်အယူသည်း(သည်း)တဲ့  ရှေးလူကြီးတွေလား
မစူးစမ်းမဆင်ခြင်ဘဲ ယုံလွယ်တတ်တဲ့  ခေတ်လူငယ်တွေလား
ယောနယ်အကြောင်းကောင်းကောင်းမသိဘဲ
ဂျောက်ချရေးခဲ့ ကြတဲ့ 
စာရေးဆရာ မဟုတ်သော စာရေးဆရာတွေကြောင့်လား
ငါတို့ ရဲ့ ယောမြေကို
နာမည်ဆိုးတွေနဲ့ ဘဲမြင်သိခဲ့ ကြတယ်
ပုံတောင်ပုံညာကိုကျော်ဖြတ်
ယောနယ်စပ်ကိုရောက်ပြီဆိုကတည်းက
ယောရဲ့ ဖြူစင်ခြင်းတွေကို
ဘယ်သူပစ်ခွင်းမလဲ
ဖြူစင်ရိုးသားမှုသာမရှိခဲ့ ရင်
“ရိုးသားခြင်း”ဆိုတဲ့ စကားလုံးကို
ဘယ်သူတွေ စသုံးခဲ့ ကြမှာလဲ
“ရိုးသားခြင်း” ဘွဲ့ တံဆိပ်
ဘယ်သူခပ်နှိပ်ခဲ့ မှာလဲ
တစ်ခေါက်တစ်ခါလောက်
အရောက်လာခဲ့ပါသူငယ်ချင်း
ယောနယ်ကိုရောက်ပြီဆိုကာမှ
မင်းရဲ့ အမြင်တွေရှင်းပြီး
ငါတို့ ယောမြေရဲ့ စိတ်အလှကို
မင်းအံ့သြရလိမ့်မယ်
Posted by
ယောဖြူ
at
Friday, May 30, 2008
0
comments
Labels: ကဗျာ
Sunday, April 27, 2008
သတိရလို့လွမ်းမိတယ်
သူငယ်ချင်း
လွမ်းတယ်သူငယ်ချင်းတို့ရယ် နင်တို့ နဲ့ အတူ စက်ဘီးတူတူစီးပြီး လျှောက်လည်နေကြ
အဲဒီ မြို့ ကလေးကိုလွမ်းတယ် ယောဓလေ့တွေနဲ့ ဝေးပြီး တစ်နယ်တစ်ကျေး
မှာနေတာကြာပေမဲ့  ငါတို့ ရဲ့  အေးချမ်းလှပတဲ့ တောင်ပေါ်မြို့ ကလေးကိုလွမ်းတယ်
တောင်တန်းပြာပြာ တွေကြားထဲက ရေစီးသန်တဲ့ ချောင်းကလေးနဲ့  အဲဒီမြို့ ကျဉ်းကျဉ်း
လေးကိုတကယ်လွမ်းတယ် ငါတို့ သူငယ်ချင်းတွေ အတူတက်ခဲ့ ကြတဲ့  အထက်တန်း
ကျောင်းဝန်းထဲက ငါတို့ တွေစိုက်ခဲ့ ကြတဲ့  အပင်တွေတောင် အတော်ကြီးနေတော့မယ် နံရံကပ်စာစောင်တွေရေးတိုင်း မပါမဖြစ် ပါခဲ့ကြတဲ့ ငါတို့ အဖွဲ့ တွေလည်း တစ်ယောက်တစ်ကွဲနဲ့ နော် ပန်းချီဆွဲရမယ်ဆို ထမင်းမေ့ ဟင်းမေ့ 
လုပ်ခဲ့ ကြတဲ့  ငါတို့ အဖွဲ့ တွေကို ဆရာမက စာသင်ခန်းထဲ မနည်းဆွဲခေါ်ခဲ့ ရတာတွေ
မှတ်မိကြသေးရဲ့ လား ကဗျာဆိုလည်းရေးလိုက် ပန်းချီဆိုလည်းဆွဲလိုက် ဘော့လုံးပွဲဆို
ပြေးကန်လိုက်နဲ့ ဆရာ၊ဆရာမတွေ အားလည်းကိုး လက်လည်းလန်တဲ့  ငါတို့ အဖွဲ့ ကတော့ 2000ပြည့်နှစ်အောင်ဆိုပြီး နာမည်ကြီးဘဲလေ ရပ်ကွက်ထဲကလူတွေ သိပ်မကြည် မိဘတွေကလည်းသိပ်မကြည်တဲ့  ငါတို့ အဆိုးအပေအဖွဲ့ ကြီး ပြန်ဆုံ
ချင်တယ်ဟာ ဘယ်သူတွေကဘယ်လို ပြောင်းလဲနေပြီလဲမသိပေမဲ့  ဘော့လုံးပွဲကြည့်
တိုင်း ငါနဲ့ အတူကျောင်းလစ်ပြီး ဘောလုံးပွဲကြည့်ခဲ့တဲ့  သူငယ်ချင်းတွေကို သတိရတယ် အားလုံးကအလုပ်ကိုယ်စီနဲ့  လူကြီးလိုနေနေကြပေမဲ့  သူငယ်ချင်းတွေနဲ့ 
တွေ့ ရင်တော့ အရင်လိုလွပ်လပ်ပျော်ရွှင်မယ်လို့  ငါထင်တယ် အားလုံးကိုသတိရတယ်
ပြန်ဆုံချင်တယ်ဟာ ဒီတစ်ခါငါတို့ တွေ ဆုံဖြစ်ရင် ၀ိတိုရိယတောင်ပေါ်ကို သွားဖြစ်
အောင်သွားချင်တယ်ဟာ မှတ်မှတ်ရရ ခရစ္စမတ်နေ့ ကြီး မိုးတွေအရမ်းရွာလို့ မသွားဖြစ်
လိုက်တာကို မမေ့ဘူး တစ်နေ့ နေ့ ပေါ့ အားလုံးနဲ့ ပြန်ဆုံချင်တယ် အဲဒီနေ့  အမြန်ရောက်ဖို့ ကြိုးစားရမှာဘဲဟာ အားလုံးကို သတိရနေ လွမ်းနေတယ်ဟာ
ယောနဲ့  နင်တို့ အားလုံးကိုလွမ်းတယ်
Posted by
ယောဖြူ
at
Sunday, April 27, 2008
0
comments
မေမေသို့ 
မေမေ
မြိုသိပ်ရတာများလွန်းလို့  အရမ်းပင်ပန်းနေပြီမေမေရယ် .........
မိသားစု ဆိုတာကိုတွေးမိတိုင်း စိတ်ပျက်ဝမ်းနည်းအားငယ်နေမိတယ် ။
မိဘနဲ့ ခွဲပြီး တစ်နယ်တစ်ကျေးအဝေးမှာ အလုပ်လာလုပ်တဲ့  လူချင်းတူပေမဲ့ ရုံးပိတ်ရင်အိမ်ပြန်ပြီး
နားခိုစရာမရှိတော့ အရမ်းဝမ်းနည်းမိတယ်။ အိမ်ဆိုတဲ့ နွေးထွေးမှုကို မရခဲ့တာ (၃) နှစ်ပြည့်တော့မယ်
မေမေဆုံးတာ ၃နှစ်ပြည့်တော့မယ်။ တွေးလိုက်တိုင်း မနေ့တစ်နေ့ ကလိုပဲ မွန်းကြပ်လာတယ် ။
မေမေဆုံးတော့ လုံးဝမျက်ရည်မကျအောင် ထိန်းထားခဲ့ လို့လားတော့ မသိဘူး ..အခုချိန်ထိတွေးလိုက်တိုင်း ရင်ထဲမှာဆို့ နင့်လာတယ် ။ နားခိုစရာ ရင်ခွင်မရှိတဲ့  မေမေ့ရဲ့သမီး ဘ၀ခရီးကြမ်းကြီးကို တစ်ယောက်တည်း ကြိုးစားပြီး လျှောက်လှမ်းနေပါတယ်။ စိတ်ပျက်အားငယ်မှုတွေကြုံတိုင်း စာအုပ်တွေဖတ်ပြီး ဖြေသိမ့်နေရတယ် ဘ၀က ကဗျာမဆန်တော့ ကဗျာရေးစရာတောင် အချိန်မကျန်တော့ဘူး။ နုနုရွရွ စကားလုံး လှလှတွေလည်း ဖန်တီးနိုင်စွမ်း မရှိတော့ဘူး။ ၀ါသနာထက် ၀မ်းစာကို ဦးစားပေးရတော့ သူများစိတ်နဲ့ကိုယ့်ကိုယ် ဖြစ်နေပြီ။ လက်ရှိဘ၀ အပေါ်မှာ ရောင့်ရဲတင်းတိမ်နေတတ်တဲ့ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားမယ်ဆိုတဲ့ ကတိ
တွေ မေမေ့အတွက် ဆိုတဲ့စိတ်တွေနဲ့  စကားလုံးလှလှလေးတွေနဲ့  ကတိတွေအကြိမ်ကြိမ်ပေးပြီး ဘာတစ်ခု
မှ မေမေ့အတွက် လုပ်ပေးခွင့်မရလိုက်တဲ့  မေ့မေ့ရဲ့ သမီးကြီး ။အငယ်နှစ်ယောက်ကိုလည်း ခုချိန်ထိဘာမှဖြစ် မြောက်အောင် လုပ်မပေးနိုင်သေးဘူး မေမေရယ် ...........
မေမေ မသိလိုက်တဲ့  နေပြည်တော်ဆိုတဲ့နေရာမှာ သမီးအားလုံးနဲ့ ခွဲပြီးတော့အလုပ်လုပ်နေတယ် မေမေရယ် အဆောင်မှာနေရတဲ့ဘ၀ကိုလည်း စိတ်ကုန်လာပြီ။ အိမ်ဆိုတဲ့အရာနဲ့  ဘယ်တော့မှနေခွင့်ရှိမှာလဲ မေမေရယ် ရင်ဖွင့်တိုင်ပင်စရာ အမြဲနားလည်ပေးတတ်တဲ့  မေမေ မရှိတော့ တစ်ခုခုဆို သမီးတစ်ယောက်တည်းပဲ ကြိတ် ခံစားနေရတာများတော့ အရမ်းမွန်းကြပ်လာပြီမေမေ။ မေမေ့ကို အိပ်မက်ထဲမှာတွေ့ တိုင်း မေမေမသေဘူးတဲ့  စကားတွေ အများကြီးပြောပြီးတော့ပျော်စရာကြီးပဲ။ အိပ်မက်ကနိုးလာတဲ့ အချိန်ကျတော့ အပြင်မှာ အမှန်တရား ကို ရင်ဆိုင်ဖို့အားမွေးရပြန်ရော မေမေရယ်။ လွမ်းတယ် ဒါပေမဲ့အဲဒီအလွမ်းတွေကို ဖြေဖျောက်ဖို့အခြေအနေမှ မရှိတော့တာ။ ဒါပေမဲ့ မေမေရယ် သမီးရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေတဲ့  မေမေ့ကို သတိရ လွမ်းဆွတ်တိုင်း မေမေဖြစ်စေချင်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်အောင် သမီးကြိုးစားနေပါ့မယ် မေမေရယ် .......... ။
Posted by
ယောဖြူ
at
Sunday, April 27, 2008
0
comments
Thursday, November 22, 2007
ကျေးဇူးတင်ရှိခြင်း
ယောဖြူဆိုတဲ့ ကလောင်နာမည်လေးနှင့်အတူ blog မှာဝင်ရေးခွင့်ပေးတဲ့ ကေတုမတီမှ
သူငယ်ချင်းကို ကျေးဇူး အရမ်းတင်ပါတယ်၊ နှစ်ယောက်ပေါင်းပြီး ဖန်တီးဖြစ်ခဲ့တဲ့ blog
လေးကိုလာရောက်လည်ပတ်သူ အားလုံးကိုလည်း ကျေးဇူးပါ။
Posted by
ယောဖြူ
at
Thursday, November 22, 2007
5
comments
Friday, November 16, 2007
ယော
ဖြူစင်ရိုးသားတဲ့ ကျွန်မရဲ့ ယော အတွက် အမြဲတမ်း မှတ်မှတ်ရရ ဖြစ်နေစေခြင်တဲ့ ဆန္ဒသက်သက်နဲ့  ယောဖြူ ဆိုတဲ့နာမည်လေးကို မွေးဖွားဖြစ်ခဲ့တာပါ..................
Posted by
ယောဖြူ
at
Friday, November 16, 2007
0
comments
အမှတ်တရမဟုတ်သောအမှတ်တရများ
အိမ်နှင့်ဝေးကွာနေတဲ့ ကျွန်တော်တို့ လို ၀န်ထမ်းတွေ အတွက်ကတော့ အခုလိုဘုရားဖူး
ခရီးထွက်ခွာရခြင်းက ပျော်ရွှင်စရာအမှတ်တရတွေကို ရစေခဲ့သလို အိမ်ကိုလွမ်းတဲ့စိတ်
တွေကိုလည်း ကုစားပေးနိုင်ခဲ့ပါတယ်..အေးချမ်းလှတဲ့ ကျိုက်ထီးရိုးရဲ့ ဆောင်းညချမ်းမှာ
ကျဆိမ့်တစ်ခွက်ကနွေးထွေးမှုကို ပေးခဲ့တာလား ပျော်စရာကောင်းအောင် စနောက်တတ်
တဲ့ သူငယ်ချင်းတွေက ပေးခဲ့တာလား သေချာမသိပေမဲ့ ပျော်ခဲ့ပါတယ်ကျိုက်ထီးရိုးညချမ်း
တွေက ဘယ်အရာကိုခေါင်းစဉ်တပ်လို့  လွမ်းရကောင်းမှန်းမသိပေမဲ့ ရင်ထဲမှာဟာတာတာ
နဲ့ တစ်စုံတစ်ရာကို လွမ်းနေခဲ့မိတယ်..အဆင်ပြေနေကြတဲ့လူတွေကိုမြင်ရတဲ့အချိန်မှာကိုယ့်
စိတ်တွေကလေးလံထိုင်းမှိုင်းနေခဲ့ပေမဲ့ ဘုရားရိပ်မှာ တရားစိတ်နဲ့ ကုစားနိုင်ခဲ့သလား အရာ
အားလုံးဟာ ၀ါးတားတား----------
online ပေါ်မှာ အဆင်ပြေနေကြတဲ့ IT လူငယ်တွေရဲ့  ကြားထဲမှာ ဆက်သွယ်မှုဧရိယာပြင်
ပရောက်နေတဲ့ ငါ့နှလုံးသားက နေပြည်တော်-ရန်ကုန် အမြန်ရထားကြီးပေါ်မှာအချိန်မှန်မှန် ခုတ်မောင်းရင်း.......................
အားလုံးကိုသတိရခြင်းများစွာနဲ့  အမှတ်မထင်သွားခဲ့ရတဲ့ ကျိုက်ထီးရိုးအမှတ်တရများကို
နှလုံးသားတစ်ထောင့်မှာသိမ်းဆည်းထားရင်း.............
Posted by
ယောဖြူ
at
Friday, November 16, 2007
1 comments






