မူမမှန်သေးတဲ့ ငါ့ရဲ့ရင်ခုန်သံတိုင်းမှာ
မင်းရဲ့အသည်းခွဲ တေးသံတွေပါတယ်
မင်းနဲ့ငါရဲ့အဖြစ်
မင်းကချန်ရစ်ခဲ့မှတော့
ငါ့အတွက် မျှော်လင့်ချက်
အရာရာတိုင်းဟာ....
ကံကြမ္မာ အဆိပ်သင့်နေခဲ့ပြီလေ
မင်းဟာ ငါ့အတွက် ဗဒိုင်းပွင့်
အဆင်းမလှတဲ့ ဆင်မြီးလက်စွပ်ကို
ကြာတော့လည်း....
စွန့်ရက်ရဲပြီပေါ့
စွန့်ပစ်သွားသူ နှလုံးသားမှာတော့
ကြေနပ်မှုအတိ
ပျော်ရွှင်မှု အပြည့်နဲ့
အစွန့်ပစ်ခံလူသားမှာတော့
ကြေကွဲမှု အလွမ်းတေးတစ်ပုဒ်
ရင်ကွဲအောင် အော်ဟစ်
အသက်နဲ့ခန္ဓာ စွန့်ခွာရသည်အထိပေါ့။
1 comment:
တကယ်ခံစားပြီး ရေးတာလားဗျ .. ကျွန်တော်အဲလိုရေး
တက်ဖို့ တော်တော်ကြိုးစားရဦးမယ် .. အားကျတယ်ဗျာ
သူများတွေရေးတာကို ..
Post a Comment