Tuesday, February 17, 2009

ပတ်သက်ခွင့်

ကိုယ်ကသူ့ ဆီကိုသတိတရနဲ့ 

ဖုန်းဆက်တဲ့အချိန်မှာ

သူကတခြားတစ်ယောက်နဲ့ 

ပျော်ရွှင်စရာစကားတွေပြောချင်ပြောနေလိမ့်မယ်

ကိုယ်ကသူ့ အတွက်နဲ့ 

အိပ်ပျက်ညတွေများနေချိန်မှာ

သူကတခြားတစ်ယောက်အကြောင်းတွေးပြီး

ကြည်နူးချင်ကြည်နူးနေလိမ့်မယ်

ကိုယ်ကသူ့ အတွက်နဲ့ 

မျက်ရည်ကျနေချိန်မှာ

သူကတခြားတစ်ယောက်ကို

မျက်ရည်သုတ်ပေးပြီး

နှစ်သိမ့်တေးတွေနဲ့ 

ချော့ပေးချင်ချော့ပေးနေမှာပေါ့

ဘာဘဲဖြစ်ဖြစ်ပါ

နင်နဲ့ ငါဟာ

အတိုင်းအတာတစ်ခုအထိ

ပတ်သက်မှုရှိသေးသ၍

အဲဒီလိမ်ညာမှုတွေကို

ညာနေမှန်းသိသိကြီးနဲ့ ကျေနပ်

နေတတ်အောင်နေရအုံးမှာပေါ့

No comments: