Saturday, October 13, 2007

E - Lover

မင်းရဲ့ အချစ်တွေကို
memory stick ထဲမှာသာ
virus ကင်းကင်းနဲ့ သိမ်းဆည်းထားလို့ ရမယ်ဆိုရင်
connection မကောင်းလည်း
ကိုယ်ဟာ ပြောင်းလဲမှာ မဟုတ်ဘူး။

email တွေ အကြိမ်ကြိမ်ပို့ ပေမဲ့
ဖွင့်ဖတ်ချိန် မရတဲ့ငါ့နှလုံးသားအတွက်
password အမှားတွေ ရိုက်သွင်းမိတာကလွဲပြီး.....
connection down
password ပြောင်းလည်း
အဲ့ဒီ account အဟောင်းကြီးနဲ့ ပဲ
chat ဖို့ ကြိုးစားရင်း
virus ထိသွားတဲ့ ငါ့နှလုံးသားကို
desktop ပေါ်မှာ တင်ထားခဲ့မယ်။

sing out လုပ်ခံလိုက်ရတဲ့
မျှော်လင့်ချက်တွေကို
g-talk ဖွင့်ရင်းစောင့်နေမယ်။

Friday, October 12, 2007

ကျောပိုးအိတ်

အဝတ်သုံးစုံလောက်ဆံ့တယ်
တစ်ခါတစ်ခါ ပျော်ရွှင်မှုတွေ
တစ်ခါတစ်ခါ ဝမ်းနည်းမှုတွေ
ပြည့်သိပ်ထည့်လွယ်

စိတ်ပျက်ပျက်နဲ့
သူ့အပေါ် ခေါင်းအုံးအိပ်ခဲ့ရပေါင်းလည်း
များပြီ

စိတ်ညစ်ညစ်နဲ့
လွယ်ကာသွားလည်း
အားကိုးစရာ တစ်ခုလို
ကျောပေါ်မှာ မားမားမတ်မတ်
ရပ်တည်ခဲ့
နားခိုစရာ ရင်ခွင်ပျောက်နေတဲ့
လမ်းပေါ်က တေလေတစ်ယောက်အတွက်
သူဟာ ....
သူငယ်ချင်းကောင်း ပီသနေခဲ့ ။