Wednesday, August 6, 2008

ဆုံမှတ်မရှိတဲ့ ချစ်ခြင်း


အတိတ်ရဲ့ နေ့ရက်တိုင်းမှာလည်း

နင်ကငါ့ဘေးနားမှာအမြဲ
လက်ရှိအနေအထားမှာလည်း
အဝေးကနေ နင်အားပေးနေမြဲ
တစ်ယောက်က တစ်ယောက်စီနဲ့
စိတ်ထွက်ပေါက်ရှာခဲ့ကြပေမဲ့
နင်နဲ့ငါ့လောက်
နားမလည်ခဲ့ကြတော့
မာနတွေနဲ့လွဲခဲ့ကြတယ်
ငါ့အတွက်တော့
နင့်ထက်တော်တဲ့လူတောင်
နင့်လောက်မတော်ဘူး
ငါ့အနာဂါတ်စိတ်ကူးကိုလည်း
နင်အားလုံးသိနေတယ်
နင့်ရည်မှန်းချက်တွေထဲမှာလည်း
ငါ့အနာဂါတ်တွေပါနေတယ်
ပြောပြစရာမလိုအောင်
ငါ့ဘ၀တစ်ခုလုံးကို နင်နားလည်နေပေမဲ့
နင်နဲ့ငါဟာ ဘယ်တော့မှမနီးနိုင်တဲ့
"သူငယ်ချင်း"ဆိုတဲ့စည်းတွေနဲ့
ချည်နှောင်ခံထားရတော့လည်း
အဲဒီစည်းတွေကိုဖောက်ပြီး
ချစ်သူဘ၀ရောက်ခဲ့ရင်တောင်
အရင်နေရာလေးပျောက်မှာကို
ငါအရမ်းကြောက်မိလို့ပါ
နောက်တစ်ယောက်ဆိုတာရှိခဲ့ရင်တောင်
နင့်လောက်ဘယ်သူမှ မကောင်းနိုင်ဘူး
ဒါကြောင့်
သူငယ်ချင်းရယ်
နားလည်မှုလေးတွေနဲ့ပဲ
နင်နဲ့ငါ လွဲနေရအုံးမယ်၊