Thursday, June 5, 2008

ရင်ကွဲတေး

မူမမှန်သေးတဲ့ ငါ့ရဲ့ရင်ခုန်သံတိုင်းမှာ
မင်းရဲ့အသည်းခွဲ တေးသံတွေပါတယ်
မင်းနဲ့ငါရဲ့အဖြစ်
မင်းကချန်ရစ်ခဲ့မှတော့
ငါ့အတွက် မျှော်လင့်ချက်
အရာရာတိုင်းဟာ....
ကံကြမ္မာ အဆိပ်သင့်နေခဲ့ပြီလေ
မင်းဟာ ငါ့အတွက် ဗဒိုင်းပွင့်
အဆင်းမလှတဲ့ ဆင်မြီးလက်စွပ်ကို
ကြာတော့လည်း....
စွန့်ရက်ရဲပြီပေါ့
စွန့်ပစ်သွားသူ နှလုံးသားမှာတော့
ကြေနပ်မှုအတိ
ပျော်ရွှင်မှု အပြည့်နဲ့
အစွန့်ပစ်ခံလူသားမှာတော့
ကြေကွဲမှု အလွမ်းတေးတစ်ပုဒ်
ရင်ကွဲအောင် အော်ဟစ်
အသက်နဲ့ခန္ဓာ စွန့်ခွာရသည်အထိပေါ့။

1 comment:

Best Seller said...

တကယ်ခံစားပြီး ရေးတာလားဗျ .. ကျွန်တော်အဲလိုရေး
တက်ဖို့ တော်တော်ကြိုးစားရဦးမယ် .. အားကျတယ်ဗျာ
သူများတွေရေးတာကို ..